🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
အလျား၂ပေ၊အနံ၁ပေသာ ကျယ်ဝန်းပြီး ၂လက်မသာသာခန့်သာမြင့်သော သစ်သားပန်းတိမ်တိမ်လေးပေါ်မှာ ပိတ်ဖြူခင်းကာ ကုံကုမာဝတ်ဆံတွေကို ထပ်မသွားအောင်.........ပြီးတော့ ဝတ်မှုန်အိတ်ဝါဝါလေးတွေနဲ့ ဝတ်ဆံဖိုမျှင်လေးကို တခုဆီသေသေချာဖြုတ်နေတဲ့ Jungkook၏ နောက်ကျောပြင်သည် တစုံတယောက်ကြောင့် ပူနွေးသွားသည်။
"အေးတယ်ဗျနော်.."
သူ့ကိုယ်ပေါ်မှာလည်း အနွေးထည်အထူကြီးဝတ်ထားတဲ့ လူစိမ်းက သူ့အပေါ်ကို ခြုံစောင်တစ်ထည်လွှမ်းပေးလာသည်။
"ဦးကြီးပေးခိုင်းလိုက်တာလား.."
ကုံကုမာတွေကို ကိုင်ရန် လက်အိတ်စွပ်နေရာက ပြုံးပြပြီး
"ဟုတ်တယ်ဗျ..အိပ်မရလို့ အပြင်ထွက်ထိုင်နေတာ ဦးကြီးနဲ့ဆုံတယ်.....သူနဲ့စကားလက်ဆုံကျနေရင်းကနေ ခင်ဗျားအကြောင်းစကားစပ်မိတော့ ခင်ဗျားဒီမှာရှိနေတယ်ပြောလို့လေ..ကျနော်လည်း အိပ်မရမဲ့အတူတူ ခင်ဗျားဆီလာဖို့ လုပ်တာနဲ့ သူက ဒီစောင်ကို ပေးလိုက်တာပဲ.."