🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
သူနဲ့မလှမ်းမကမ်းကနေ လွှင့်ပျံလာတဲ့ ခပ်တိုးတိုးရယ်သံကြောင့် လုပ်လက်စအလုပ်ကို ခဏရပ်ကာ ထိုနေရာကို ငေးကြည့်လိုက်သည်။
ညီမငယ်နဲ့အတူ လှိုက်လှဲစွာရယ်မောနေတဲ့ Hyungက လွတ်လပ်ပေါ့ပါးလှသည်။
တချက်တချက် သူ့ဘက်ကို မဆီမဆိုင်ရောက်ရှိလာခဲ့သော အကြည့်တွေကလွှဲလို့ Hyungက သူရှိနေမှန်း ဂရုစိုက်ဟန်မပြပေ။ညီမငယ်နှင့်တွန်းတွန်းတိုက်တိုက် ရယ်ရယ်မောမောငြင်းခုန်နေတဲ့ Hyungက သူတွေ့နေကျ ပုံစံမျိုးနဲ့မတူ ကွဲထွက်နေသည်။
ဒါကိုပဲ သူက တမေ့တမောငေးကြည့်နေမိလေသည်။"Jungkookလာလေ.."
"ဗျာ.."
သူ့ကိုလက်ယက်ခေါ်လိုက်တဲ့ ဦးကြီးမျက်နှာမှာလဲ အပြုံးတွေဝေလို့။
ဦးကြီးခေါ်သံကြောင့် မနေသာတော့ဘဲ
chamomileတွေ အမှိုက်ဖယ်ဖို့ ကြိုးစားနေတာကို ရပ်လိုက်ပြီး Hyungတို့အနားကို စိတ်လိုလက်ရလျှောက်သွားလိုက်သည်။သူ အနားကို ရောက်မှ
"ဒီမှာလေ Jinက သူရောက်ခဲ့တဲ့ ကျနော့်ချွေးမလေးရဲ့ဒေသအကြောင်းပြောပြနေတာ.."ဦးကြီးပြောတာကို သားဖြစ်တဲ့Joonက လှိုက်လှိုက်လှဲလှဲပြုံးပြရင်း သူ့အနားမှာ ရှိနှင့်နေတဲ့ ဇနီးသည်ပခုံးအား လှမ်းဖက်လိုက်သည်။
Joonက အဲ့သည်လို ပြုံးတတ်သည်တဲ့လား..။
Hyungက ကြည်ကြည်လင်ပြုံးရင်း ဇာတ်ကြောင်းများစွာကို စိတ်ဝင်တစားပြောပြနေလေသည်။
သူ့ဘဝကတော့ Hyungလောက်စိတ်ဝင်စားဖို့ မကောင်းလှ။
မွေးကတည်းက လက်ဖက်ခင်းတွေကို ဖက်တွယ်ခဲ့ရသူ ဒီလိုနဲ့ သူသေဆုံးသွားရင်ရော...။သူ ဖြေးညင်းစွာ ခေါင်းကို ခါယမ်းလိုက်သည်။
Hyungသူ့အနားကို ရောက်လာကတည်းက အပြင်လောကကို ထွက်သွားဖို့ အတွေးတွေ ရံဖန်ရံခါဆိုသလို ရောက်ရောက်လာတတ်သည်။
Hyungကတော့ သူ့အရှေ့က လူအုပ်ကြီးကို
လာအို၊ထိုင်း၊မြန်မာနယ်စပ်က ဘဝတွေအကြောင်း...။
Hyungနဲ့ Joonတို့ရဲ့ ဘဝစွန့်စားခန်းတွေ..။
ရင်မောစရာတွေပါသလို စိတ်လှုပ်ရှားစရာတွေလည်းပါသည်။