🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
မနက်ဝေလီဝေလင်းအိမ်ဝန်းထဲကနေထွက်လာတဲ့ သူ့ကို အိမ်ရှေ့ရပ်ထားတဲ့ ကားနောက်ခန်းကနေ ခေါင်းထွက်လာတဲ့ Seokjinက ပြုံးရယ်ကာ လှမ်းမေးလေသည်။
"လိုက်မှာလား Jungkook"ကားခေါင်းခန်းက ယာဉ်မောင်းနေရာမှာ အကျအနနေရာယူထားတဲ့ Joonကို မျက်မှောင်ကျုံ့ကြည့်ရင်း
"ဘယ်သွားမလို့လဲဗျ..""ဟိုဘက်တောင်ပေါ်က ဘုရားကျောင်းကို.."
"ဟင်..ဒီအချိန်ကြီး.."
"အင်း..."
ထိုအခါ Jungkook ခေါင်းတဗြင်းဗြင်းကုတ်ကာ စဉ်းစားရ၏။
ဒီနေ့ အခြောက်ခံထားတဲ့ ပန်းကြာပွင့်တွေ အထက်အောက်လှန်ရမှာ..။
ဒါပေမယ့် ဦးနှောက်နဲ့ဆန့်ကျင်နေတဲ့ နှုတ်ခမ်းက
"ကြာမှာလားဗျ.."
သူလိုက်မယ်ဆိုတာကို သေချာသိနေသလို ပြုံးပြအတည်ပြုလိုက်သည့် Seokjinသည်
"ဆုတောင်းမယ်..ပြီးတော့ အသွားအပြန်...အင်း..Jungkookက နယ်ခံပဲ Jungkookတွက်ကြည့်လေ"Jungkook လက်နှစ်ဖက်ကို တဆတ်ဆတ်ချိုးရေတွက်ရင်း
"မွန်းတည့်မတိုင်မီ ပြန်ရောက်မယ်ဗျ..လိုက်မယ်.."တွေ့လား ....ဒီ Hyungက သူ့နေ့စဉ်ဘဝကို ကောင်းကောင်းကြီး နှောက်ယှက်နိုင်ပါတယ်ဆို။
ကားမောင်းခန်းက Joonကို တချက်ပြုံးပြလိုက်ပြီး Hyungဘေးကို ကပ်သီးကပ်သက် တိုးထိုင်လိုက်သည်။
"မင်္ဂလာပါ သခင်လေး.."
ဟင် Hyungဘေးမှာ အမျိုးသမီးတစ်ယောက်။
Hyungနဲ့ ကပ်လှချည်လား..။
ကိုရီးယားအသံထွက် မပီတပီပြောလိုက်တဲ့ ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်တော့ ထိုသေးညှက်ညှက်အမျိုးသမီးလေးက ကြည်ကြည်လင်လင်ပြုံးပြရှာသည်။ဘယ်သူပါလိမ့်..သူတို့အိမ်က အလုပ်သမားလား။
သူ့ရင်ထဲ ဘောင်ဘင်ခတ်နေသံကို Hyungက ကြားပုံပေါ်သည်။
"သူက Joonရဲ့ အမျိုးသမီးလေ.."ဟင် ..Joonမှာ သက်ဆိုင်သူ အမျိုးသမီးရှိတယ်။
အံ့ဩနေဆဲသူ့အား ပခုံးကိုဖွဖွပုတ်ရင်း
"ဟုတ်တယ်....Joon ဇနီး...အရှေ့တောင်အာရှသူလေး..ဟား..ဟား..အခု သူတို့ ကလေးရဖို့ကြာနေလို့ တောင်ပေါ်က ဘုရားပေါ်သွားဆုတောင်းကြ မလို့လေ.."