🫕🫕🫕🫕🫕🫕🫕🫕🫕🫕🫕🫕🫕🫕🫕
ပန်းကြာပွင့်ခြောက်တွေ အခြောက်လှမ်းတာ ၅ရက်မြောက်တဲ့နေ့။
Hyungနဲ့ အဖြေရှာရမယ့်နေ့..။ဆန်ပြုတ်ပန်းကန်အဖုံးကို ဖွင့်လိုက်တာနဲ့ သူတို့၂ယောက်စလုံး ခြေကုန်လက်ပန်းကျကုန် ကြသည်။
Hyungလက်နဲ့ ထိခဲ့တဲ့ ဆန်ပြုတ်ပန်းကန်က ပန်းကြာပွင့်ခြောက်ရနံ့တွေ သင်းလာလိမ့်မယ်လို့ သူတထစ်ချယုံကြည်မိခဲ့သည်။အခုတော့.....
စားပွဲအလယ်မှာ ဆန်ပြုတ်ပန်းကန်က အငွေ့တထောင်းထောင်းနှင့် ရှိနေသလို သူတို့၂ယောက်ကလည်း ထိုပန်းကန်လုံးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေကြသည်။"ရေနွေးခွက်ကို ဖွင့်ကြည့်လိုက်ပါလား .."
ဒီအချိန်မှာ ဒုတိယအဆင့် ရေနွေးခွက်ကလေးကို ဖွင့်ရမှာလောက် သူကြောက်မိတာ မရှိပေ။
"Hyungဖွင့်.."
ဟက်ခနဲ ရယ်မောသံနှင့်အတူ ရေနွေးခွက်အဖုံးကို တစ်လက်မသာသာဖွင့်လိုက်ပြီး Hyungက သူ့နှာခေါင်းနားတေ့လိုက်သည်။ပြီးတော့ တစ်ငုံသောက်လိုက်ပြီး လက်မှိုင်ချသွားကာ ခေါင်းခါပြလေသည်။
"ဆန်ပြုတ်ပန်းကန်ထဲကနေ ပန်းခြောက်နံ့ရတယ်ဆိုတာ သေချာလို့လား..."
ဟော..ကြည့်။
သူ့ကို မယုံတဲ့အထဲမှာ Hyungပါ ပါလာပြီ။"သေချာပါတယ်ဆိုဗျာ.."
"အင်း.."
စားပွဲကို လက်သည်းဖြင့် တဒေါက်ဒေါက်ခေါက်နေသော Hyungက "ပန်းအစိုဆို ရနံ့ထိန်းနိုင်တယ်..အခြောက်ဆိုရင်..."
"ပန်းအစိုက ရနံ့ထိန်းထားနိုင်တယ်လို့ မပြောနိုင်ပါဘူးဗျာ.."