🦚🦚🦚🦚🦚🦚🦚🦚🦚🦚🦚🦚🦚🦚
လက်ဖက်ခြောက်ဈေးကွက်မှာ ကိုယ်ထုတ်လုပ်မယ့် အမျိုးအစားကို တစ်ဦးတည်းမူပိုင်သီးသန့်ရဖို့အတွက် အလွှာအသီးသီးက လက်ဖက်ခြောက်အိမ်တော်တွေကို တကုတက ခေါ်ယူမိတ်ဆက်ကြရသည်။
ယခုလည်း အိမ်တော်ရဲ့ခန်းမမှာ လူတွေပြည့်နေပြန်သည်။ထိုပြည့်နှက်နေတဲ့လူတွေကြားမှာ မလာဖို့သေချာနေတဲ့လူကိုလည်း သူကိုယ်တိုင်က လိုက်ရှာနေမိပြန်သည်။
"ကျမတို့ အောင်မြင်မှာပါ Jungkookရဲ့.."
ကျမတို့ဆိုတဲ့ အသုံးအနှုန်းကြောင့် သူ ဟက်ခနဲရယ်မိသွားသည်။
အပင်စိုက်ဖို့လည်း စိတ်မဝင်စား........ ပန်းတွေပွင့်တော့လည်း ရောက်မလာတဲ့ သူမက အခုကျတော့ ကျမတို့လို့ပြောလိုက်တာလား။ထိုအခါ ကုံကုမာတွေကို ခါးညောင်းလောက်အောင်ခူးခဲ့သည့် လူ..
ကုံကုမာတွေရဲ့ ဝတ်ဆံတွေကို တယုတယ ဖယ်သင်ခဲ့တဲ့ လူ...
ပန်းကြာပွင့်တွေရဲ့ ရနံ့တွေကို မြည်းစမ်းစေခဲ့တဲ့လူက သူ့ခေါင်းထဲ နေရာယူလာပြန်သည်။"ကိုကိုကတော့ လာမှာမဟုတ်ဘူး.."
သူ့လက်ကို တင်းတင်းချိတ်ထားတဲ့ တဖက်က မိန်းကလေးကို စောင်းငဲ့ကြည့်လိုက်တော့ မကြည်သလို မျက်နှာပေးနဲ့ အိမ်တော်ဝင်းအလယ်မှာ အကျအနထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို မေးငေါ့ပြသည်။
"ဖေဖေရော မေမေရောက အခုအထိစိတ်ဆိုးမပြေသေးဘူး..ကိုကို့ကို ရန်သူကြီးတစ်ယောက်လို စိတ်ဆိုးနေကြတုန်းပဲ..."
ထိုမိန်းကလေးကို သူသိချင်တဲ့ Hyungရဲ့အကြောင်းတွေ မေးနိုင်တာကို သတိရသွားသည်။