Chapter - 29

4.1K 417 8
                                    

Unicode

အပိုင်း ၂၉။ မင်းသားဝမ်၏သံသယ

" ကျွန်တော် တစ်ခါမှ မင်းသားဝမ်ကို ထိခိုက်စေမယ့် ဘယ်အရာမျိုးကိုမှလုပ်ဖို့ မတွေးဖူးပါဘူး မင်းသားဝမ်ရယ် "

" မင်းစကားကို ငါဘယ်လို ယုံရမလဲ "

" .... "

ရှောင်းကျန့်၏ မျက်ရည်များက မိုးပြိုသကဲ့သို့ ပြိုဆင်းလာခဲ့သည်။ မင်းသားဝမ်က သူ့ကို ယုံကြည်ဖို့စိတ်ကူးမရှိမှတော့ သူဘယ်လောက်ပဲရှင်းပြရှင်းပြ ဘာထူးလိမ့်မည်လဲ။ ရှောင်းကျန့်က ကြမ်းပြင်ပေါ်မှ ထ၍ ဖုန်များပေကျံသွားသည့် ဝတ်စုံကို ခါလိုက်သည်။

" ကျွန်တော့်မှာ ဘာသက်သေပြစရာမှမရှိလို့ မင်းသားဝမ်ကို စိတ်ပျက်စေမိပြီ။ ကျွန်တော့်မှာ ထပ်ပြီး ဖြေရှင်းချက်ပေးစရာမရှိပါဘူး "

ရှောင်းကျန့်က သူ၏ ထပ်၍ကျဆင်းလာမည့် မျက်ရည်များကို မင်းသားဝမ်မမြင်စေရန် တဲထဲမှ ပြေးထွက်လာခဲ့သည်။ သူထိုနေရာမှာ ဆက်နေပြီး မင်းသားဝမ်၏ စိမ်းကားသောစကားများကို နားထောင်နိုင်ရန် အားအင်မရှိတော့ပါချေ။ မင်းသားဝမ်၏အမြင်တွင် သူကပျော့ညံ့သည့်လူတစ်ယောက်မဖြစ်ချင်ပေ။ သူက မင်းသားဝမ်နှင့် ပက်သက်လာလျှင် သန်မာနိုင်သလို၊ စိတ်လည်းပျော့ညံ့နိုင်ပါသည်။ သူ၏အားအင်များက မင်းသားဝမ်ဆိုသည့်လူသားအပေါ် မူတည်ပြီး ဖြစ်တည်လာသည်မို့။

စခန်းအပြင်ဘက်သို့ရောက်လာသည့်အခါ မောပန်းသွားသည့်ရှောင်းကျန့်က သစ်ပင်ကြီးတစ်ပင်အောက်တွင် ​ကျုံ့ကျုံ့လေးထိုင်၍ အပန်းဖြေသည်။ သူနှင့် မနီးမဝေးနေရာတွင် မြစ်တစ်စင်းက အလျဉ်စီးဆင်းလျက်ရှိပြီး သူ၏မျက်ရည်များသည်လည်း ထိုမြစ်ရေနှင့် အပြိုင်စီးကျလျက်ရှိသည်။ သူ၏ရှိုက်သံများက မြစ်ရေစီးသံများအောက်တွင် နစ်မြုပ်နေ၏။

အထင်လွဲမှုများပြီးဆုံးသွားသည့်အခါ သူတို့၏ ဆက်ဆံရေးက ယခင်လိုပြန်ဖြစ်နိုင်ဖို့ မျှော်လင့်မိပါသည်။

များလှစွာသောမျက်ရည်များကြောင့် ဝေဝါးနေသည့် သူ၏အမြင်များမှာ ပိုမို၍ မှုန်ဝါးလာခဲ့ပြီး မူးဝေလာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်က ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရသည်။ သူအိပ်မပျော်သွားခင်မှာ မင်းသားဝမ်၏ စိုးရိမ်တကြီးခေါ်သံကို ကြားလိုက်ရသယောင်။ သူတော့ မင်းသားဝမ်ရောဂါစွဲနေပြီပဲ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now