Chapter - 30

4.1K 404 14
                                    

Unicode

အပိုင်း ၃၀။ နှလုံးရောဂါရတော့မည့်ဝမ်ဖေးရှောင်း

မင်းသားဝမ်က စစ်တိုက်ရင်း ခေါင်းထိသွားတာများလား...။

ကြောင်တောင်တောင်အတွေးမျိုးဝင်ရောက်လာသည့်အခါ ရှောင်းကျန့်က မင်းသားဝမ်အတွက် စိတ်ပူမိပါသေးသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ တဲ၏ရွက်ဖျင်များကို ထိုးဖောက်ဝင်ရောက်နေသည့် နေရောင်ခြည်များကြောင့် နေ့ခင်းအချိန်ဖြစ်မည်ဟု ရှောင်းကျန့်က ခန့်မှန်းလိုက်သည်။

သူတော်တော်ကြာအောင် အိပ်ပျော်သွားခဲ့တာပဲ။

ဆန်ပြုတ်ကို သောက်လို့ရသည့်အနေအထားရောက်အောင် လေဖြင့်မှုတ်၍ သူ့အား ခွံ့တိုက်လာသည့်မင်းသားဝမ်က အနားသို့ပိုတိုးကပ်လာသည်မို့ ရှောင်းကျန့်က အနောက်သို့ ဆုတ်မိလိုက်သည်။ တခြားကြောင့်မဟုတ်ဘဲ မင်းသားဝမ်ဝတ်ဆင်ထားသည့် သံချပ်ကာထက်ရှိသွေးများ၏ အနံ့များကြောင့်သာဖြစ်သည်။

သူ၏အကြည့်များကို သတိထားမိသွားပုံရသည့် မင်းသားဝမ်က သူသတိမထားမိသွားကြောင်းပြောပြီး သံချပ်ကာကိုချွတ်၍ အဝေးတွင်ထားပြီးမှ ရှောင်းကျန့်နားသို့ပြန်ရောက်လာပြီး ဆန်ပြုတ်ခွံ့ပြန်သည်။

" လာ...အာ... "

ပါးစပ်ဟမပေးသေးဘဲ မျက်လုံးလေးပေကလပ်ပေကလပ်နှင့် ဆက်ကြည့်မိနေသည့်အခါ မင်းသားဝမ်က မပူတော့ကြောင်း အာမခံလာသည်။ အခြေအနေကိုနားမလည်သေးသော်ငြား သူ့စားမည်ကို မျှော်လင့်တကြီးစောင့်နေပုံရသည့်မင်းသားဝမ်ကြောင့် နှုတ်ခမ်းများကို ဟပေးလိုက်ရသည်။ ထို့နောက် ရှောင်းကျန့်က မင်းသားဝမ်ဆီမှ ဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း ကလေးတစ်ယောက်သဖွယ်တိုက်ကျွေးခြင်းကို ငြိမ်ခံနေရပါတော့၏။

ဆန်ပြုတ်များကုန်စင်သွားသည့်အခါ သူ့လက်ထဲရောက်လာသည့် ဆေးပန်းကန်က အနံ့နှင့်တင် အလွန်ခါးမည်ဖြစ်ကြောင်း အလွယ်တကူခန့်မှန်းမိသောကြောင့် ရှောင်းကျန့်က သောက်ရန် လက်တွန့်နေသည်။ မင်းသားဝမ်ကို ကြည့်မိလိုက်သည့်အခါ သူ့ကို စိုက်ကြည့်နေဆဲဖြစ်သောကြောင့် မျက်လုံးများကို မှိတ်ချ၍ ပန်းကန်ထဲရှိ ဆေးများကို အကုန်သောက်လိုက်ရပါတော့သည်။ ဆေးများအကုန် မျိုချပြီးပါသော်လည်း လျှာတွင် စွဲကျန်ခဲ့သည့် ခါးသက်သက်အရသာကြောင့် ရှောင်းကျန့်၏ မျက်နှာလေးက ရှုံ့မဲ့သွားလေသည်။ ဒါကိုမြင်သည့်အခါ မင်းသားဝမ်က သဘောတကျရယ်ရင်း သူ့ပါးစပ်ထဲသို့ သကြားလုံးလေးတစ်ခု ထည့်ပေးလာသည်။ သကြားလုံး၏အချိုဓာတ်က သူ့ခံတွင်းထဲမှ ခါးသက်သည့်အရသာများကို ဖယ်ရှားပေးသည်။ မင်းသားဝမ်၏အပြုံးက သူ့ရင်ထဲမှ လေးလံတင်းကျပ်သည့်ခံစားချက်များကို ဖယ်ရှားပေးသည်။ မင်းသားဝမ်၏ ဤကဲ့သို့ နှစ်လိုဖွယ်အပြုံးကို သူတစ်ခါမှ မတွေ့ဖူးပါချေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now