Chapter - 31

3.9K 393 4
                                    

Unicode

အပိုင်း ၃၁။ သတင်းကောင်း သို့မဟုတ် သတင်းဆိုး

" ကိုယ့်မှာ ကျန့်အာကို ပြောစရာရှိတယ်။ အဲ့ဒါက ကျန့်အာ အတွက် သတင်းကောင်းလား၊ သတင်းဆိုးလား ဆိုတာ ကိုယ်မပြောတတ်ဘူး "

မင်းသားဝမ်၏စကားကို ရှောင်းကျန့်က အာရုံစိုက်နားထောင်နေဟန်ပြတော့ မင်းသားဝမ်က ဆက်ပြောသည်။

" သည်နေ့ ခမည်းတော်ရဲ့ စစ်ကူတွေကြောင့် ကိုယ်တို့ တိုက်ပွဲအခြေအနေပြန်ကောင်းလာတယ်။ ဟိုဘက်ကလည်း ကိုယ် စစ်ပွဲထဲ ပါနိုင်မယ် မထင်ထားတဲ့ပုံပဲ "

မင်းသားဝမ်၏ ကနဦးစကားကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည့်ရှောင်းကျန့်က ယခုမှာ သက်ပြင်းဖွဖွချနိုင်သည်။ ဤသတင်းက မူလခန္ဓာကိုယ်ပိုင်ရှင်အတွက်တော့ သတင်းဆိုးဖြစ်နိုင်ပါသော်လည်း သူ့အတွက်တော့ သတင်းကောင်းပဲလေ။ မင်းသားဝမ်အန္တရာယ်ကင်းဖို့က သူ၏တစ်ခုတည်းသော ဆန္ဒပဲ။ အနှီခန္ဓာကိုယ် ပိုင်ရှင်ကို အားနာမိပါသော်ငြား သူလည်း လူတစ်ယောက်ပဲမို့ အတ္တတော့ရှိပါသည်။ အပြစ်ရှိစိတ်ကြောင့် ရှောင်းကျန့်က ဤအပြစ်ကို နောင်ဘဝကျမှ ပြန်ဆပ်ပါ့မည်ဟု ကတိပေးရင်းနှင့် တိတ်တဆိတ် တောင်းပန်စကားဆိုသည်။

" အဲ့ဒါ သတင်းကောင်းပဲလေ "

ရှောင်းကျန့်၏စကားကိုကြားသည့်အခါ မင်းသားဝမ်၏မျက်နှာက အံ့ဩရိပ်လွှမ်းသွားသည်။

" မင်းခမည်းတော်တို့ကို စိတ်မပူဘူးလား "

" .... "

ရှောင်းကျန့် ဖြေရခက်သွားသည်။ သူ၏ ဘဝအစစ်တွင်လည်း မိဘဆိုတာ မရှိခဲ့ဖူးသကဲ့သို့ သည်ဘဝက မိဘများကိုလည်း တစ်ခါမျှ မတွေ့ဖူးသေးချေ။ လူအများပြောကြသည့် မိဘမေတ္တာဆိုသည်ကိုလည်း သူတစ်ခါမှ မခံစားဖူးသလို နားလည်းမလည်ပါပေ။ သူ့အနားတွင်နေပြီး နွေးထွေးမှုနှင့် ဂရုစိုက်မှုတို့ကို ပေးခဲ့သူက မင်းသားဝမ်သာ ဖြစ်သည်။ ထို့ကြောင့် မင်းသားဝမ်နှင့် သူ၏မိဘများကြားတွင် ရွေးချယ်မှုပြုရလျှင် သူသေချာပေါက် မင်းသားဝမ်ကိုသာ ရွေးချယ်ပါမည်။ မည်သည့်ဘယ်အရာနှင့်ပဲယှဉ်ပါစေ မင်းသားဝမ်က အမြဲတမ်း သူ၏ဦးစားပေးသာဖြစ်လိမ့်မည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now