Chapter - 32

3.9K 422 32
                                    

Unicode

အပိုင်း ၃၂။ သူပုန်များကို ကွက်မျက်ခြင်း

ရှောင်းကျန့်၏စကားကိုကြားသည့်အခါ မူလက ပြုံးပျော်နေသည့် မင်းကြီး၏ မျက်နှာထက်မှ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ရှောင်းကျန့်၏ တောင်းဆိုချက်က ကြီးမားလွန်းသည်ကို ရှောင်းကျန့်လည်းသိပါသည်။ သူအသက်ရှင်ခွင့်ရသည်ကိုက အကြီးမားဆုံးသော ထောက်ထားမှုဟုတောင် ဆို၍ရသည်။ သို့သော် သူက ဤခန္ဓာကိုယ်ကို အသုံးပြုပြီး အသက်ဆက်နေရသည်မို့ ဤခန္ဓာကိုယ်ပိုင်ရှင်အတွက် သူလုပ်နိုင်သလောက် လုပ်ပေးချင်သည်။ သူအကြွေးတင်ထားသည်များမှာ များနေပြီမို့။

" .... "

" ခမည်းတော် ကျွန်တော် အခုထိ အသက်ရှင်နေနိုင်သေးတာ ကိုယ်လုပ်တော်ရှောင်းကြောင့်ပါပဲ။ ကျွန်တော့်ကို မျက်နှာ​ပေးတဲ့အနေနဲ့ ကျေးဇူးပြုပြီး ကိုယ်လုပ်တော်ရှောင်းရဲ့ မိဘတွေကို သက်ညှာပေးပါ "

ရှောင်းကျန့်နှင့်အတူ မင်းသားဝမ်ကပါ တောင်းဆိုပေးလာသည့်အခါ အံ့ဩသွားသူက ရှောင်းကျန့်တင် မကပါချေ။ မင်းကြီးဝမ်က သူသားတော်ကပါ ဝင်ကူညီပေးနေသည်ကို မြင်သည့်အခါ ကြည်လင်နေသည့်ခေါင်းက ချက်ချင်းဆိုသလိုပင် ကိုက်ခဲလာတော့၏။ ကိုယ်လုပ်တော်ရှောင်း၏ အသက်ကို သက်ညှာပေးသည်ကပင် သူရက်အနည်းငယ်လောက် ညီလာခံရှိ အမတ်များ၏ တင်ပြစာများစွာကို ဖတ်ရှုရလိမ့်မည်။ အဓိကပုန်ကန်သူ၊ ငြိမ်းချမ်းရေးချိုးဖောက်သူများဖြစ်သည့် ကိုယ်လုပ်တော်ရှောင်း၏ မိဘများကိုပါ လွှတ်ပေးလိုက်ပါက ညီလာခံကို ဆူပူမှုဖြစ်စေလိမ့်မည်။ ဒါက မင်းကြီးတစ်ယောက်အနေနှင့် အလွန့်ကို လက်သင့်မခံသင့်သည့် ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။

" ကိုယ်တော် မင်းတို့ဆန္ဒကို မလိုက်လျောပေးနိုင်ဘူး "

ရှောင်းကျန့်နှင့် ဝမ်ရိပေါ်က တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်ပြီးနောက် ခဏအကြာတွင် မင်းကြီးကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်သည်။

ပုန်ကန်သူများကို ကွပ်မျက်သည့်နေ့။

ပြတင်းပေါက်ဘောင်ကို လက်မောင်းဖြင့်အမှီပြု၍ အပြင်ဘက်ရှုခင်းကို မှိုင်တွေတွေငေးကြည့်နေသည့် ရှောင်းကျန့်က သူ၏နောက်ကျောဘက်မှ နွေးထွေးမှုကို ခံစားလိုက်ရသည့် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က အလိုအလျောက် ကွေးညွတ်လာ၏။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now