Chapter - 34

4.7K 378 32
                                    

Unicode

အပိုင်း ၃၄။ မူမမှန်သည့် ဝမ်ဖေးရှောင်း

" ကိုယ်က ကျန့်အာကို တစ်နေ့ထက် တစ်နေ့ ပိုဂရုစိုက်ပေးမှာမလို့ ကျန့်အာလေးက ကိုယ့်အနားမှာ တစ်သက်လုံး နေမယ်မလား "

" .... "

ရှောင်းကျန့်၏အပြုံးများက ခေတ္တအေးခဲသွားပါသော်လည်း ရှောင်းကျန့်က မူမပျက်စေရန် သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်ရ၏။

" ကျွန်တော်လည်း မင်းသားဝမ်ကို ဂရုစိုက်ပေးမယ် "

သူမင်းသားဝမ်ကို အတုအယောင်ကတိများ မပေးနိုင်ပါ။ တစ်ချိန်မှာ သူက ထွက်သွားရမည့်လူဖြစ်တာမို့ ကတိများအထပ်ထပ်ပေးပြီးမှ မတည်နိုင်ခဲ့သည့် လူလိမ်တစ်ယောက်အဖြစ် မင်းသားဝမ်၏ရင်ထဲတွင် မရှင်သန်ချင်ပါချေ။ ဤကမ္ဘာမှ သူပျောက်ကွယ်သွားသည့်အခါ မင်းသားဝမ် သူ့ကို မေ့ပျောက်သွားပေမည်လား။ ရင်ထဲလှိုက်တက်လာသည့် ဝမ်းနည်းမှုက ရှောင်းကျန့်၏ မျက်ဝန်းများကြား၌ မျက်ရည်များကို ဖြစ်ထွန်းစေသည်။ မျက်ရည်များက ပါးပြင်ပေါ်သို့ တပေါက်ပေါက်ကျဆင်းလာသည့်အခါ မင်းသားဝမ်မမြင်စေရန်အတွက် ခေါင်းငုံ့လိုက်ပါသော်လည်း သတိထားမိသွားပုံရသည့် မင်းသားဝမ်က သူ့မျက်နှာကို အုပ်ကိုင်၍ အကြည့်ချင်းဆုံစေသည်။

" ကျန့်အာ ဘာလို့ငိုတာလဲ။ ဆေးက ခါးလို့လား။ လမုန့်က မကောင်းလို့လား။ ကိုယ်တောင်းပန်ပါတယ်ကွာ မငိုပါနဲ့ "

ကျဆင်းလာသည့် မျက်ရည်များကို ခပ်ဖွဖွသုတ်ပေး၍ချော့နေသူ မင်းသားဝမ်ကြောင့် ရှောင်းကျန့်က ပို၍ပင် ဝမ်းနည်းလာပါတော့၏။ သူ့ကို ဂရုစိုက်သည့် တစ်ဦးတည်းသောလူသားနှင့် ခွဲခွာရမည့်အဖြစ်ကို တွေးတွေးမိရင်း ရှိုက်ကြီးတငင် ငိုကြွေးမိပါတော့သည်။ သူငိုလေ၊ မည်သည့်အပြစ်မှမလုပ်ထားသည့် မင်းသားဝမ်က တောင်းပန်လေ ဖြစ်တာမို့ ရှောင်းကျန့်က ခေါင်းခါပြပြီး မင်းသားဝမ်၏ ရင်ခွင်ထဲသို့ ခိုဝင်သည့်အခါ အလိုက်တသိဖက်တွယ်ပေးလာသည့် မင်းသားဝမ်။ ဖြစ်နိုင်လျှင် သူ့ကို စိတ်လုံခြုံမှု အပြည့်အဝပေးနိုင်သည့် ဤရင်ခွင်ထဲမှာပဲ တစ်သက်လုံး နားခိုချင်ပါရဲ့။ သူ့ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်၍ ချော့မြှူနေသူ မင်းသားဝမ်က သူ၏ ခေါင်းလုံးလုံးလေးကိုပါ ဖိကပ်နမ်း၍ နှစ်သိမ့်ပေးပါသေးသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now