Part 4

1.7K 252 11
                                    

တစ်လမ်းလုံးမကျေနပ်ချက်တွေနဲ့အတူ အိမ်ကိုပြန်လာသည့်ယူဂျင်.... အကြောင်းကတော့သူနဲ့ဆော့ဂျင်ကိုလူမှားကာနောက်ကနေလာဖက်တဲ့ ဆော့ဂျင်ရဲ့အတန်းဖော်သူငယ်ချင်းကြောင့်ပင်....

သူတို့ ၂ ယောက် ဘယ်လောက်တူတယ်ဆိုတာကိုသိပေမယ့် ဒေါသတို့ကအလိပ်လိပ်ထွက်ရပြန်သည်...

ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့မျက်နှာကိုပိုင်ဆိုင်ထားပါစေ ကိုယ့်မျက်နှာကိုယ်မှန်ထဲမှာပြန်မြင်နေရသလို Clone ပွားထားသကဲ့သို့ သူ့ကိုယ်ပွားနောက်တစ်ယောက်ကို ငယ်ငယ်ကတည်းက လက်ခံအသိအမှတ်ပြုခြင်းမရှိခဲ့... ပိုဆိုးသည်ကတစ်လောကလုံးက သူ့ကိုယ်ပွားလိုကောင်ကို သဘောကျချစ်ခင်ကြသည်တဲ့...

 အဲ့ကိုယ်ပွားကောင် ဆော့ဂျင်က စာတစ်ခုပဲ သူ့ကိုလိုက်မမှီတာဖြစ်ပြီး သူ့ရဲ့စာတော်ခြင်းတွေကလည်း လစဥ်အရည်အချင်းမှတ်တမ်းထဲမှာသာ ကိန်းဂဏန်းတွေအနေနဲ့ရှိနေခြင်းသာဖြစ်သည်... Ommaနဲ့ Appa ကသူ့ကိုချီးကျူးပေးလည်း ခဏပဲ...

အလယ်တန်းတုန်းက သူတစ်ကျောင်းလုံးအဆင့် ၁ ရလို့ အဖေဖြစ်သူက ဈေးတော်တော်များတဲ့ စပိုက်ဒါမန်းအရုပ်ကိုဝယ်ပေးခဲ့ဖူးသည်...

 ဒါပေမယ့် နောက်မှသိလိုက်ရတာက သူတသသဖြစ်နေတဲ့ သူ့အရုပ်နဲ့ချွတ်စွတ်ကို ဆော့ဂျင်ကိုလည်းဝယ်ပေးခဲ့ပြန်တယ်... အဆင့် ၁ ကနေ ၂၀ တောင်မဝင်နိုင်တဲ့ဆော့ဂျင်ကိုပေါ့.... 

သူပြသနာအကြီးကြီးရှာပြီး ဆော့ဂျင်အရုပ်ကိုရိုက်ချိုးခဲ့လို့သူပဲ ဒဏ်ပေးခံခဲ့ရပြန်သည်... သူနဲ့တစ်ပုံစံတည်းတူတဲ့အရုပ်ကို ဆော့ဂျင်ဆီမှာပါတွေ့လိုက်ရခြင်းက သူ့ကြိုးစားမှုတွေနဲ့ ရလာတဲ့ရလဒ်တွေဟာ ခပ်ပေါပေါဖြစ်သွားသလိုခံစားရသည်... အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး၊ အသိအမှတ်ပြုခြင်းရဲ့ကွဲပြားတဲ့အသီးအပွင့်မျိုးကိုသူလိုချင်ခဲ့တာ....

ဆော့ဂျင်ကတော့သူနဲ့မတူ... ရုပ်ချောတာကအစ အစ်ကိုကိုကြံဖန်ကျေးဇူးတင်နေတတ်တဲ့သူမျိုး.... အစ်ကိုသာရုပ်ဆိုးဆိုးနဲ့ အရင်မွေးလာခဲ့ရင်သူလည်းရုပ်ဆိုးကောင်ဖြစ်နေမှာမို့လို့ ပြီးပြည့်စုံတဲ့ရုပ်ရည်နဲ့အရင်မွေးလာတဲ့အစ်ကို့ကို ကျေးဇူးတွေဇွတ်တင်နေတဲ့သူ...

Stranger With My Face [Completed ✔]Where stories live. Discover now