တစ်ကယ်လို့သာ အဲ့ဒီညကနှင်းတွေကျမနေခဲ့ရင်....
တစ်ကယ်လို့သာ camping သွားဖို့ တိုက်တိုက်ဆိုင်ဆိုင် မပူဆာမိခဲ့ရင်......
လက်ခံဖို့ခက်ခဲပြီး သွေးပျက်ဖွယ်ကောင်းတဲ့ ဘဝအလှည့်အပြောင်းကြီးနဲ့လည်း ကြုံတွေ့မှာမဟုတ်သလို... နှင်းတွေကျတဲ့အခါတိုင်းလည်း သူများတွေပျော်ရွှင်ကြည်နူးကြသကဲ့သို့ သူသည်လည်းဖြူလွှလွှနှင်းမှုန်လေးတွေကိုမြင်ရင် ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လိမ့်မည်....
ဒါပေမယ့် အခုတော့သူမုန်းပါသည်...
ချမ်းစိမ့်စိမ့်ရာသီဥတုကိုမုန်းသလို ဖြူဥဥနှင်းပွင့်နှင်းချပ်တွေကိုလည်းမုန်းပါသည်....
Christmas ရက်တွေကိုမုန်းသလို ငွေမှင်ရောင် Camper Van ကြီးတွေကိုလည်းမုန်းသည်...
အဲ့ဒိနေ့~~~
မနက်အိပ်ယာနိုးကတည်းက အညိုးတကြီးကျနေသောနှင်းတွေသည်အဆက်မပြတ်...
ဆော့ဂျင်လည်းခရီးသွားဖို့ပြင်ထားတဲ့ဧည့်ခန်းထဲကTent တွေနဲ့ luggage တွေကိုစိတ်ဓာတ်ကျစွာဝှေ့ကြည့်ရင်း ခြံထဲက Luna ကို ပြတင်းပေါက်ကဆက်ပြီးငေးနေလိုက်သည်.... Luna ရဲ့အိမ်ခေါင်မိုးလေးပေါ်မှာလည်းနှင်းတွေကဖွေးဖွေးလှုပ်နေပြီး Luna ကတော့အထဲမှာကွေးကွေးလေးခွေအိပ်နေတာကို နှင်းတွေကြားကမသဲမကွဲတွေ့ရသည်.... (Luna က Alsation အမျိုးအစား 2 နှစ်အရွယ် ခွေးကလေးပါ)
"ယူဂျင်နဲ့ ဆော့ဂျင် ရေ လက်နှိပ်ဓာတ်မီးရောထည့်ပြီးပြီလား??"
"သောက်ရေလည်းအလုံအလောက်တော့တင်သွားရမယ်နော်"
Omma အသံကိုကြားတော့မှ ဆော့ဂျင်တစ်ယောက် ပြတင်းပေါက်ကနေအကြည့်ခွာရင်းနဲ့ အားလုံးအသင့်ပြင်ပြီးပြီဖြစ်ကြောင်း ပြန်ပြောလိုက်သည်.... လိုအပ်တာတွေပြင်ဆင်လိုက် ပြန်စစ်လိုက်လုပ်ရင်းစိတ်လှုပ်ရှားနေခဲ့တာ ခရီးမသွားခင် ၁၀ ရက်လောက်ကတည်းကဖြစ်တာမို့ ထည့်ထားတဲ့ ပစ္စည်းတွေကလိုအပ်တာထက်ကိုပိုနေပြီဖြစ်သည်.... ဆော့ဂျင်အနေနဲ့ သူကိုယ်တိုင်အစအဆုံးစီစဥ်ထားတဲ့ ဒီခရီးကိုသေးသေးမွှားမွှားလေးကအစ အတိမ်းအစောင်းမခံနိုင်ပါ....