Part 11

1.7K 220 27
                                    


🌞🌞🌞

နေရောင်ဖျော့ဖျော့လေးက အပြာနုရောင်ခန်းစီးကနေတဆင့် မျက်နှာပေါ်ကိုခွင့်မတောင်းပဲ ညှင်ညှင်သာသာလေးနဲ့ဆင်းသက်လာသည်... Alarm ပေးထားတဲ့ ဖုန်းလေးကလည်း အချိန်မှန်မှန်ဖြင့် သံစဥ်မျိုးစုံသုံးကာ သိုးနေအောင်အိပ်နေသူကို မြန်မြန်သွက်သွက်နိုးထလာစေဖို့ မနားတမ်းသတိပေးလျက်... Luna ကလည်းအခန်းထောင့်နားကနေ အပြင်ထွက်ချင်လို့ တံခါးကိုလက်သေးသေးလေးတွေဖြင့်ကုတ်ခြစ်ခါ တအီအီလုပ်နေသေးသည်...

ပုံမှန်နေ့ရက်တွေမှာဆိုရင်တော့ ခေါင်းအုံးကိုသုံးပြီး ခေါင်းတစ်ခုလုံးရော နားရွက်လေးတွေပါလုံအောင် အုပ်ထားလိုက်ပြီးတော့ ဆက်အိပ်ပစ်လိုက်မိဦးမှာ... ဒါပေမယ့် ဒီနေ့ကတော့အဲ့လိုမလုပ်ဖြစ်တော့ပဲ Alarm ကိုအသာလေးပိတ်ကာ သီချင်းလေးညီးရင်းရေချိုးခန်းထဲကိုဝင်သွားတော့သည်... အပြင်ထွက်ချင်နေတဲ့ Luna ကိုလည်းချော့မြူဖို့မမေ့ခဲ့...

ဒီနေ့ကအထက်တန်းနောက်ဆုံးနှစ်ရဲ့ ပထမဆုံးကျောင်းတက်ရမည့်ရက်...

ပိုပြီးတိတိကျကျပြောရရင်တော့ Jungkook နဲ့ ချစ်သူဖြစ်ပြီးလို့ ပထမဆုံးကျောင်းတက်ရမယ့်ရက်ပေါ့...

အောင်စာရင်းထွက်တဲ့နေ့မှာ Jungkook က သူစောင့်ရတာ နည်းနည်းတော့စိတ်မရှည်ချင်ဖြစ်နေပြီ လို့ပဲစကားစရသေးတယ်... ၅ မိနစ်လေးတောင်မခြားလိုက်ပဲ "ချစ်တယ်" လို့အဖြေပေးခဲ့မိတဲ့ကိုယ့်အဖြစ်ကိုယ်လည်းရယ်ရခက်ကြီး...

ဘီလီယံနဲ့ချီတဲ့လူတွေအများကြီးရှိတဲ့ထဲမှာ မေတ္တာနှစ်ခုထပ်တူကျတာလောက် ကြည့်နူးစရာကောင်းတာမရှိဘူးတဲ့...

သူ့ဘက်ကပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေထက်မနည်းသောချစ်ခြင်းတွေနဲ့ ပြန်ချစ်ပေးနိုင်သောသူ... သူချစ်ရတဲ့တစ်ဦးတည်းသောလူသား... ဒီလိုထပ်တူကျနေတာမျိုးကရှေးရေစက်ဆိုရင် နောင်ရှိလာမယ့်ဘဝတွေမှာလည်းသူနဲ့သာဆုံတွေ့ချင်ပြီး မေတ္တာတွေအများကြီးပေးချင်ပါသေးသည်...

ထိုလူသားကိုချစ်လို့မဝနိုင်ပါ...

ကျောင်းသွားဖို့အတွက်အားလုံးပြင်ဆင်ပြီးသွားတော့ အိုမား အလောသုံးဆယ်ပြင်ပေးခဲ့သော မနက်စာကိုမြန်မြန်လေး စားလိုက်သည်... Luna ကို အစာကျွေးလိုက်ပြီး နေ့လယ်စာအတွက်ပါတစ်ခါတည်းအဆင်သင့်စားလို့ရအောင် ရေနှင့်အစာကိုပြင်ပေးထားလိုက်သည်... တံခါးကနေထွက်ခါနီး တအီအီနဲ့ချွဲနေသေးတာကြောင့် ခြံထဲမှာအတူတူပြေးဆော့ပေးရသေးသည်... ကျောင်းသွားဖို့စောနေသေးတယ်ဆိုပေမယ့်သိပ်ကြာကြာဆော့နေလို့မရ... ဂျောင်ကုက Bus stop မှာရောက်နေပြီဖြစ်ကြောင်းစာတိုလေးပို့ထားခြင်းကြောင့်ပင်...

Stranger With My Face [Completed ✔]Kde žijí příběhy. Začni objevovat