Part 6

1.7K 230 19
                                    


ထိုရက်ကတည်းက ဆော့ဂျင်တစ်ယောက်တမှိုင်မှိုင်တတွေတွေဖြင့်... 

ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးသော စိတ်ဓာတ်ကျခြင်းမျိုးဖြင့် သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိသည်...

သူတို့လက်ရှိနေနေတဲ့အိမ်ကလေးကလည်း အာပါးရဲ့အမေ၊ အဖွားဖြစ်သူရဲ့ ဆေးကုသစရိတ်တွေအတွက် ဘဏ်မှာပေါင်ထားရကြောင်းသိလိုက်ရတာကလည်း သူ့အတွက်ထိုးနှက်ချက်တစ်ခု... အိုမားကဘဏ်တိုးတွေကို သူတို့ညီအစ်ကို ၂ ယောက်မသိအောင် တိတ်တိတ်ကလေး တစ်ယောက်တည်းရုန်းကန်ကာဆပ်နေခဲ့ခြင်းဖြစ်သည်...

အိုမားရဲ့အလုပ်ကဝင်ငွေကောင်းပေမယ့် တစ်အိမ်လုံးစာမပူမပင်နေရအောင် လိုလေသေးရက်မရှိထားသည့်အပြင် ဘဏ်တိုးတွေပါဆပ်နေရတော့ သိပ်အများကြီးလည်းစုဆောင်းမိမည်မဟုတ်...

အာပါးရဲ့ညီကလည်း taxi မောင်းရင်းနဲ့ တစ်ဖက်ကားကိုဝင်တိုက်မိပြန်တော့ ထောင်ထဲမရောက်ဖို့ ကားရောလူရောအတွက်ပါ လျော်ကြေးတွေကလိုလာပြန်သည်... တစ်ဖက်ကနစ်နာသူကလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် လျော်ကြေးကလည်းနည်းမည့်ပမာဏတော့မဟုတ်...

အဆင်ပြေနေတယ်လို့ထင်နေခဲ့တဲ့ သူတို့မိသားစုလေးက တစ်ကယ့်လက်တွေ့မှာတော့ယိမ်းယိုင်စပြုချင်နေပြီ...

နှစ်ဝက်စာမေးပွဲပြီးလို့သိပ်မကြာခင်မှာ ကျောင်းပေါင်းစုံနဲ့ အားကစားပြိုင်ပွဲတွေ ဂီတပြိုင်ပွဲတွေကျင်းပဖို့ရှိနေတယ်လို့ ကြေငြာသွားတာကြောင့် သက်ပြင်းကိုပိုတိုးလို့ချလိုက်မိသည်... ဂျီမင်နဲ့အတူတူလိုက်တက်မယ်လို့ ကတိပေးထားတဲ့ Piano သင်တန်းနဲ့ vocal training သင်တန်းတွေအကြောင်းကိုတွေးမိတော့ သက်ပြင်းကထပ်ချလိုက်မိပြန်တော့သည်...

"ဆော့ဂျင် Yah .... ငါပါလွင့်ထွက်သွားပါဦးမယ်ကွာ... ဘာတွေအဆင်မပြေတာရှိနေတာလဲ...?"

ရှေ့စားပွဲမှာထိုင်နေတဲ့ဂျီမင်က နောက်ကိုတစောင်းလှည်းကြည့်လာရင်းနဲ့ မေးလိုက်သည်...

"အခက်အခဲတစ်ခုခုရှိနေရင် ငါ့ကိုပြောလို့ရတယ်လေဆော့ဂျင်... ဘာများလဲ.."

Stranger With My Face [Completed ✔]Tahanan ng mga kuwento. Tumuklas ngayon