Part 8

1.8K 231 27
                                    


ဒီတစ်ပတ်လုံးကကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွေ၊ ဂီတပြိုင်ပွဲတွေနဲ့သချာ်စွမ်းရည်ပြိုင်ပွဲတွေအသီးသီးရှိတာကြောင့် စာသင်ချိန်အားလုံးကိုဖျက်ထားသည့် ရှားရှားပါးပါးနဲ့ ကုန်ဆုံးရန်နှမြောဖို့ကောင်းသော ရက်သတပတ်ဖြစ်တော့သည်...

အားကစားပြိုင်ပွဲတွေကိုတော့ဘယ်ကျောင်းမှာမှအိမ်ရှင်အဖြစ်နဲ့ကျင်းပတာမျိုးမဟုတ်ပဲ ပိုပြီးတော့ facility ကောင်းစေရန် နိုင်ငံ့လက်ရွေးစင်တွေတောင်တစ်ခါတစ်လေ လာကစားလေ့ရှိတဲ့ stadium ကြီးထဲမှာကျင်းပသည်... ပွဲကြည့်စင်နေရာကအလုံအလောက်ရှိပြီး ကျယ်ဝန်းတဲ့နေရာ အနေအထားကြောင့် Olympics ပွဲတွေကိုလာကြည့်ရသလိုတောင်ခံစားမိသလိုလို... 

ကျောင်းပေါင်းစုံက ကျောင်းသား၊ကျောင်းသူတွေအားလုံးနီးပါး တစ်နေရာတည်းမှာ လာပြီးစုနေကြတာကြောင့် stadium ကြီးထဲမှာ အသံတွေကစဲသွားတယ်မရှိ အသံတဆာဆာဖြင့်ဆူညံနေတော့သည်...

(Stadiumအကြီး ထဲမှာက Indoor/Outdoor stadium အသေးလေးတွေထပ်ခွဲထားပြီး အားကစားပေါင်းစုံကို stadium အကြီးကြီး တစ်ခုတည်းမှာ ယှဥ်ပြိုင်လို့ရအောင်လုပ်ထားသည့်အနေအထားဖြစ်ပါသည်...)

"ငါတို့ဘတ်စကတ်ဘောအသင်းကဘယ်အချိန်စ ကစားရမှာလဲ ဆော့ဂျင်...?"

"11 နာရီမှစမှာ ယွန်းဂီ ... ဘာလို့လဲ?"

"ငါတို့ ဘောလုံးပွဲသွားကြည့်မလို့... အခုသွားရင်ဒုတိယပိုင်းမှီသေးတယ်လေ"

ဆော့ဂျင် ကတော့ ဘောလုံးကွင်းဘက်ကိုသွားပြီး အားပေးချင်စိတ်မရှိတာကြောင့်လိုက်မသွားမိ... ဒီနေ့ကဘာပဲဖြစ်ဖြစ် ဂျောင်ကု ရှိနေတဲ့ ဘတ်စကတ်ဘောကစားမယ့် indoor stadium ဘက်မှာပဲတောက်လျှောက်ရှိနေချင်သည်...

အားကစားပြိုင်ပွဲတွေက ဒီနေ့ရယ်၊ မနက်ဖြန် သန်ဘက်ခါ ၂ ရက်ရယ်မှာ ကစားကြမှာဖြစ်ပြီး သန်ဘက်ခါကတော့ဗိုလ်လုပွဲရက်ဖြစ်သည်... အားကစားပြိုင်ပွဲတွေပြီးလို့ နောက်တစ်ရက်မှာ ဂီတပြိုင်ပွဲတွေဖြစ်တဲ့ အဆို၊အကပြိုင်ပွဲတွေကို ဆက်ကျင်းပမှာဖြစ်သည်...

ဂျောင်ကုတို့ကစားသမားတွေစုနေတဲ့ အဝတ်လဲခန်းကိုလည်းသူမသွားရဲ... တခြားအကြောင်းကြောင့်တော့မဟုတ် Hyung ရှိနေတာကြောင့် သူသွားရမှာလန့်နေသည်... Hyung က သူတို့အသင်းလေ့ကျင့်နေတဲ့နေရာကိုလာရင်မကြိုက်သလို သူ့အတန်းကိုလာရင်လည်းမကြိုက်ပါ... ဒါကလည်း အထူးအဆန်းတော့မဟုတ် သူ့ကို မြင်တွေ့နေရတာမျိုးကိုက Hyung  အတွက်က အမြဲတမ်းအနှောင့်အယှက်တစ်ခုလို စိတ်ရှုပ်စရာတစ်ခုလိုဖြစ်နေရတာမဟုတ်လား....

Stranger With My Face [Completed ✔]Hikayelerin yaşadığı yer. Şimdi keşfedin