Part 3

1.7K 248 11
                                    

ပထမဆုံးအတန်းချိန်နီးနေပြီမို့ အချိန်မှီကိုယ့်စာသင်ခန်းဆီကို အပြေးဝင်လာကြတဲ့သူတွေ... သတ်မှတ်ကျောင်းချိန်အမှီ ကျောင်းဂိတ်ပေါက်ဆီအပြေးဝင်လာကြတဲ့သူတွေနဲ့ ကျောင်းတက်ရက်မနက်ခင်းဟာ အသက်ဝင်နေပြီဖြစ်သည်... 

အချိန်မှီကျောင်းဂိတ်ပေါက်ကိုမဝင်နိုင်ခဲ့လို့ ဂျူတီကျတဲ့ဆရာဆီစုပြုံပြီး ဒဏ်မပေးဖို့တောင်းပန်နေကြတဲ့ ဆင်တူ Uniform နဲ့ကျောင်းသား/ကျောင်းသူလေးတွေ အသံကလည်း ရှင်းရှင်းလင်းလင်းကြားနေရသည်.... ကျောင်းချိန်တစ်နေ့လုံးမှာ မနက်ခင်းကျောင်းတက်ချိန်ကအစည်ကားဆုံး နဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်လို့ပြောလို့ရပါသည်...

xxxxxxxxxxxxx

ကျောင်းပြတင်းပေါက်ကနေ ကျောင်းအဝင်ဂိတ်ပေါက်က ဒရောသောပါးပြေးလာကြတဲ့ကျောင်းသားတွေကိုကြည့်နေရင်း ပထမဆုံးစာသင်ချိန်ကိုဝင်မည့်အတန်းပိုင်ဆရာဂျွန်ဟိုကိုစောင့်နေလိုက်သည်....

 နားကြပ်တွေကိုတပ်ထားပေမယ့် သီချင်းတော့ဖွင့်မထားပါ... ဒါမှမသိတဲ့သူတွေနဲ့ အားနာပါးနာစကားတွေပြောနေစရာမလိုတော့မှာလေ...ပတ်သက်လို့လည်းအကျိုးမရှိတဲ့သူတွေကို အထူးတလည်ပတ်သက်မနေချင်...

ဒါပေမယ့် သူ့မျက်နှာရှေ့ကိုဝှေ့ယမ်းလာတဲ့လက်တစ်စုံကြောင့် စိတ်ထဲကနေမသိမသာကြိမ်းလိုက်မိရင်းနဲ့ ဘုစပ်စပ်ပြန်မေးလိုက်သည်....

"ဘာဖြစ်လို့လဲ မင်းက??"

"အခုမင်းထိုင်နေတဲ့နေရာက ငါ့နေရာ... အဲ့တာကြောင့်ဖယ်ပေးဖို့ပြောမလို့"

ဂျောင်ကုလည်း အစကကျောင်းသားသစ်ကိုမိတ်ဆက်စကားပြောမလို့ဆိုပေမယ့် သူ့ဘက်ကအရင်ခပ်ပြတ်ပြတ် ဘုစပ်စပ်မျက်နှာဘေးနဲ့ပြန်ဖြေလာတော့ နေရာဖယ်ပေးဆိုပြီး နိုင်ရာကိုတည်ပြီးပြောလိုက်မိသည်...

တစ်ဖက်က ယူဂျင်မှာလည်း တပ်ထားတဲ့နားကြပ်တစ်ဖက်ကို နားကနေဆွဲဖြုတ်လိုက်ရင်းနဲ့

"ဘယ်လိုဖြစ်လို့မင်းနေရာဖြစ်ရမှာလဲ... ငါအရင်တစ်ပတ်ကတည်းက ဒီနေရာမှာထိုင်နေတာ"

Stranger With My Face [Completed ✔]Tahanan ng mga kuwento. Tumuklas ngayon