Part 12

1.6K 245 64
                                    

"ဓားးးး.... ဓားးးး.... ဂျောင်ကု....!!!"

စိုးရိမ်ခြင်းတွေစွက်နေတဲ့ အသံစူးစူးလေးကရုတ်တရတ်နားထဲကိုဝင်လာသည်နှင့်အတူ သူ့မှာရှောင်လိုက်ဖို့အချိန် အလုံအလောက်မရှိတော့ဘူးဆိုတာ တဆက်တည်းမှာသဘောပေါက်လိုက်သည်...

ဓားကိုင်ထားသောသူမှာ သူနဲ့အတော်နီးနီးကို ရောက်နေပြီဖြစ်သောကြောင့်...

ထိခိုက်နိုင်ခြေရှိတဲ့ဘက်ကိုမှန်းစ၍ လက်တစ်ဖက်ကိုသုံးပြီးတော့ ခန္ဓာကိုယ်ဒဏ်ရာရတာအနည်းဆုံးဖြစ်အောင် ရသလောက်လှမ်းကာလိုက်သည်... ရန်ဖြစ်ဖူးခဲ့တာက လက်သီးတွေသုံးတာလောက်နဲ့ပဲ ပြီးသွားခဲ့တာများသည်... ဓားဆိုတာကိုသုံးဖို့ ကိုယ်တိုင်ကမတွေးခဲ့ဖူးသလို သူများကကိုယ့်ကိုဓားနဲ့ထိုးလာခဲ့ရင်ဆိုတာကလည်း တွေးပင်မတွေးဖူးခဲ့တာကြောင့် ကြောက်တဲ့စိတ်ဝင်မိတာကတော့အမှန်ပင်...

 နမ်ဂျွန်း နဲ့အပြန်အလှန်ထိုးသတ်ထားလို့ မောနေတာရောနဲ့ပေါင်းပြီး ရင်ဘတ်ထဲမှာတဒိန်းဒိန်းဖြင့်ဆောင့်ခုန်လာပြီး လက်ကိုတင်းတင်းမြှောက်ကာ ကာထားလိုက်သည်... ဒါပေမယ့် သူ့ဆီမှာတော်တော်နဲ့ နာကျင်တဲ့ခံစားမှုတစ်စုံတစ်ရာမှ မခံစားရတာကြောင့် စိတ်သက်သာရာအနည်းငယ်တော့ရသွားပေမယ့် သိပ်ကြာကြာမခံလိုက်ပါ...

သံမံတလင်းပေါ်ကိုဒူးတစ်ဖက်ထောက်ကာ ထိုင်ထားတဲ့သူ့ကျောပေါ်ကို အိခနဲဖိကျလာတဲ့ ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်လေး... သူအလန့်တကြားဖြင့်အသာလေးယူပွေ့လိုက်ကာ ရင်ခွင်ထဲကိုထည့်လိုက်တော့ သူ့မျက်နှာကိုသေချာကြည့်ရင်းနဲ့ ပြုံးပြနေလိုက်သေးတယ်... 

ပခုံးရဲ့နောက်နားကို လက်တို့ကရောက်သွားတဲ့အခါ တန်းလန်းဖြစ်နေတဲ့ဓားအတိုတစ်ချောင်းကို စမ်းလိုက်မိတာကြောင့် ဘာတွေဖြစ်သွားတာလဲဆိုတာကို သူဆက်ပြီးတော့မတွေးရဲတော့... ဒါပေမယ့် ဆော့ဂျင်ကသူ့ကိုဆက်ပြုံးပြနေပြီး အသံတိုးတိုးလေးဖြင့်မေးနေသေးသည်...

"ဘာဖြစ်သွားသေးလဲ....?"

"ခဏ.. ခဏလေးပဲ... ခဏလေးပဲစောင့် ဆေးရုံကိုသွားမယ်နော်..."

Stranger With My Face [Completed ✔]Onde histórias criam vida. Descubra agora