part 1

3.5K 212 2
                                    

မိုးဖွဲဖွဲ နဲ့ ရွာနေတာအတော်ကြာပြီ။လမ်းမှာလည်း လူသွားလူလာကျဲနေသည်။
လမ်းတစ်လျှောက်လုံးလည်း မိုးရေစက် များနှင့်ဖွဲဖွဲ လှုပ်နေသည်။
ဘာကြောင့်ရယ်တော့မသိ Lay တစ်ယောက် piano ဘေးလေးထိုင်ကာ မိုးရွာနေသည်ကို ခံစားရင်း သံစဉ်လေးတစ်ပုဒ် ကိုတီးနေမိသည်။
ငယ်စဉ် ကတည်းက အမေ ဖြစ်သူကွယ်လွန်သွား၍ဖခင် နှင့် ကြီးပျင်းခဲ့ရသူ ဖြစ်သော်လည်း Lay သည် လိမ္မာရေးခြားရှိသည်။ Lay ဖခင် သည် မူလတန်းကျောင်းတွင် Piano သင်ကြားသော ကျောင်းဆရာဟောင်းတစ်ယောက်ဖြစ်သည်။
ယခုအခါ စာအုပ်ဆိုင်လေး ဖွင့်ထားကာ အထက်တန်း ဒုတိယနှစ်တတ်နေသော သမီးလေး Lay ကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးနေလေသည်။
စာအုပ်ဆိုင်လေးရှေ့ မျက်နှာစာနားတွင် piano အဟောင်းလေးတစ်လုံး ကိုထားထားသည်။
Lay သည် piano တီးနေစဉ် ခက်ထန်သောအသံ တစ်ခုကိုကြားလိုက်ရ၍ လှည့် ကြည့်လိုက်သောအခါ~~~~~
"ဟဲ့ ကလေးမ ဒီဆိုင်ရှင် ရှိလား" ဟု မာကြောသော လေသံနှင့် မေးလိုက် သော ထောင်ထောင် မောင်းမောင်း လူ သုံးယောက်ကိုမြင်လိုက်သည်။
Lay လည်း သူမ တစ်ခါမှ မမြင်ဖူးသော လူစိမ်းသုံးယောက်ကိုအထူးအဆန်းကြည့်နေမိတယ်။ " ဟေ့ ဒီဆိုင်ရှင် ရှိလား မရှိဘူးလား"
ထိုအခါမှ "သြော် ဟုတ်ကဲ့ ရှိပါတယ်"
"ရှိရင် သွားခေါ် ခဲ့" ဟု အမိန့်ပေးလေသံ နှင့် ပြောပြီး ဆိုင်ထဲသို့ဝင်သွား ကြသည်။
Lay လည်း မြေအောက်ခန်းထဲ ရောက်နေသော အဖေ ကို ဧည့်သည် ရောက်နေကြောင်း ပြောကာ
" အဖေ အဲ့လူတွေ ကကြည့်ရတာ ထူးဆန်းတယ်။အဖေ့ အသိတွေ ဆိုတာ ဟုတ်လို့လား"
အဖေ ဖြစ်သူက ဧည့်သည် ဘယ်သူဆိုတာရိပ်မိ သွားပုံဖြင့် .........
" ဟုတ်ပါတယ် သမီး ရော့ ဒါ ယူပြီး ဧည့်သည်စားဖို့တစ်ခုခု သွားဝယ်လိုက်ပါလား။ " ဟု ပြောရင်း Lay လက်ထဲ ကို ဝမ် 5000တန် တစ်ရွက်ထည့်ပေးကာချက်ချင်းသွားခိုင်းလိုက်သည်။
Lay တစ်ယောက် အဖေစကားကို မယုံသော်လည်း ခိုင်းတဲ့အတိုင်း စတိုးဆိုင်ကို ထွက်လာခဲ့ပါတယ်။ မိုးက လည်းဖွဲဖွဲ ရွာနေ ဆဲ မို့လို့ ထီးလေး ဆောင်းကာ ဆိုင်ဘက် လှည့်ကြည့်လိုက် ရှေ့ဆက်သွားလိုက် နှင့်အဖေ ဖြစ်သူကို စိတ် မချ နိုင် ဖြစ်နေပါတယ်။
စတိုးဆိုင် နှင့် အိမ် အသွားအပြန် ပုံမှန် ဆို နာရီဝက်ခန့် ကြာတတ်ပေမယ့် Lay တစ်ယောက် စိတ်ပူဇော နှင့် 15 မိနစ် အတွင်း အရောက်ပြန်လာခဲ့သော်လည်း~~~~~~~
................................................

To be continued.........
အားပေးတာကိုကျေးဇူးတင်ပါတယ်
ဆက်လက်အားပေးပါဦးနော်။

LOVE MELODYWhere stories live. Discover now