Part 10

1K 129 6
                                    

Suho က မီးလုံးသွားရှာနေချိန် Lay ကတော့ မီးမရှိတဲ့ အခန်းထဲမှာ တစ်ယောက်ထဲ ဓာတ်မီးလေး ဖွင့်လို့ ခရီးဆောင် အိတ် ဖွင့်ပြီး ပစ္စည်းတွေ စီနေပါတယ်။
ပစ္စည်း အချို့ ထုတ်နေရင်းကနေ သစ်သားဘောင်လေး နဲ့အနားကွတ်ထားတဲ့  photo stan လေးတစ်ခုကို ညင်သာစွာ ထုတ်လိုက်ရင်း မျက်လုံးအိမ်မှာ မျက်ရည် တွေဝဲ တတ်လာပါတော့တယ်။

Lay>>>Appa………ဘယ်မှာလဲ အမြဲတမ်းသတိရနေတယ် နော် မြန်မြန်ဆက်သွယ်
ပါတော့ Appa ရယ်

Lay တိုးတိုးလေး ရေရွတ်ရင်း ပါးပြင်မှာ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။

Lay ဓာတ်ပုံလေးကို စားပွဲလေး ပေါ်မှာ တင်ပြီး အလင်းမရှိ၍ ထင်ထင်ရှားရှား မမြင်ရတဲ့ ဓာတ်ပုံလေးကို စိုက်ကြည့်ကာ စိတ်
ကနေ

                  " Appa ကို စောင့်နေတယ်နော် မေးချင်တာတွေအများကြီးပဲ Lay ထပ်မငိုတော့ဘူး Appa နဲ့ တွေ့နိုင်အောင် lay ဘက် က  လည်းကြိုးစားပါ့မယ်။ Appa Fighting! "

ဓာတ်ပုံ မျက်နှာပြင်လေးကို လက်လေးနဲ့ အသာအယာ ပွတ်ပေးပြီး သူ့ကို ပြုံးပြနေသော ဓာတ်ပုံထဲမှ သားအဖ နှစ်ယောက်ကို ပြန်ပြုံးပြ လိုက်သည်။

Lay ပစ္စည်းတွေ အကုန်လုံး စီပြီး သွားသည့်  သူမ ကျောပိုးအိတ်လေးထဲကဟတစ်ခုခု ကို စမ်းလိုက်တော့  မတွေ့

Lay>>>ဟင် ဘယ်ရောက်သွားတာလဲ ငါ့ဆွဲကြိုးလေး Appa ပေးခဲ့တာလေး

Lay မျက်ဝန်းထဲမျက်ရည်တွေ စို့လာပြန်ပါပြီ

Lay ဘယ်လောက်ရှာရှာမတွေ့ တဲ့ အဆုံးလက်လျှော့ကာ နှမြောပေမယ့် သူ့အတွက် ကံမပါတာလို့ သတ်မှတ်ပြီး မျက်ရည်တွေကို လက်နဲ့သုတ်ပစ်လိုက်ကာ အတတ်နိုင်ဆုံးပြန်ပြုံးလိုက်ပါတယ်။

ထိုအချိန် ထိ Suho ကတော့ ရှာကောင်းတုန်းပေါ့

Lay's POV

                ဟယ် 10:00 PM အချိန်တောင် ဒီလောက်ရှိသွားပြီ လား suho ဘာလုပ်နေတာလဲ။

Lay လည်း အခန်းပြင်ထွက်လာကာ Suho ကို ခေါ်ကြည့် ပြန်ထူးသံမကြား

Lay အိမ်ပြင်ဘက်လေး ထွက်လာတော့ ခြံထဲက အဆောက်အုံ သေးသေးလေးတစ်ခုထဲမှာ မီးလင်းနေတာ တွေ့ပြီး ထိုဘက်ကို လမ်းသွက်သွက်လေး လျှောက်သွားလိုက်သည်။

LOVE MELODYWhere stories live. Discover now