Part 2

1.8K 179 1
                                    

"ဟင် !!!" ဆိုသော အာမေဋိတ် သံ လေးသာ ထွက်လာပြီး လက်ထဲတွင် ဝယ်လာသော စားစရာ အထုပ်ကို ပစ်ချ ကာလူအုပ် ကြားထဲ သို့ တိုးဝင် ၍ ကြည့်လိုက်သောအခါ...... ပြန့်ကျဲနေသော စာအုပ်များ လဲနေသော စာအုပ် စင် များနှင့် သူမ အလွန်အင်မတန်မှ တန်ဖိုးထားသော စန္ဒယားလေးမှာလည်း ခလုတ်များကျိုးပဲ့ ကာ အစိတ်စိတ် အမွှာမွှာ ဖြစ်နေသည်။
အိမ်နှင့်ဆိုင် မှာ တွဲလျက်ထားသောကြောင့် ပစ္စည်းများမှာတစ်ခုမှ ရစရာ မရှိအောင် ဖျက်စီး ခံ လိုက်ရလေသည်။
ဒီမြင်ကွင်းကြောင့် ခဏတာ စိတ်လွတ်သွားကာ သတိပြန်ဝင်လာမှ ဘေးဘီ ကြည့်လိုက်သော အခါ
အိမ်နီးချင်း များအားလုံး Lay အိမ်သို့ရောက်နေကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေ ကြ သည်။
Lay သည် သူမ အဖေ ကို မတွေ့သဖြင့် အိမ်နီးချင်း ဦးလေး တစ်ယောက်အား
" ajushi ,အဖေ ရော အဖေ ရော ဟင်"
ထိုအခါ "သမီးအဖေကို လူဆိုးတွေ ခေါ်သွားတာမြင်လိုက် တယ်။ ajushi လည်းပထမတော့လူဆိုးတွေမှန်းမသိဘူး။"
"စိတ်မကောင်းပါဘူး သမီးရယ်" ဟုပြော ကာထွက်သွားလေသည်။
ဒီလိုနှင့် လူတွေလည်းတစ်ဖြည်းဖြည်း ပြန်သွားကုန်ကြပြီ။ မှောင်စလည်းပျိုးလာပြီ
မိုးကတော့ ဖွဲဖွဲ လေးရွာနေဆဲပင်။
Lay တစ်ယောက် သူ့အဖေကို ဘယ်မှာ သွားရှာ ရမယ်မသိ။ တစ်ယောက်ထဲ စိတ်ပျက်လက်ပျက် နှင့် စာအုပ်စင် ကို မှီ ကာ အချိန် အတော်ကြာ ထိုင်နေမိသည်။
စိတ်ထဲတွင်လည်း ( အဖေ အဖေ အဖေ )ဟူ၍ သာ တတွတ်တွတ် ခေါ်နေမိသည်။မျက်ရည်များလည်းပါးပြင်ပေါ် တလိမ့်လိမ့် ဆင်းလာသည်။ ဘာလုပ်လို့ ကိုင်ရမှန်း မသိ။ ဘာဆက်လုပ်ရမလဲ မသိ အမှောင်ထဲမှာ သာ ခွေခွေ လေးထိုင် ကာ ကြိတ်ငိုနေမိသည်။
"Lay! Lay! Lay ရှိလား။"
နာမည်ခေါ် သံကြား၍ မျက်စိဖွင့်ကြည့်လိုက်သောအခါ
" ဟင် chanyeol နင်ဘာလာလုပ်တာလဲ။"

"ရပ်ကွက် ထဲမှာ ပြောနေတာ ကြားလို့စိတ်ပူလို့"

"ဘာတွေဖြစ်နေတာလဲ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ"(Chanyeol မီးဖွင့်ရင်း ပြောလိုက်သည်။)

Chanyeol က ပြန့်ကျဲ နေသော စာအုပ်တွေ ကို ကောက်ပေးနေသည်။
Chanyeol သည် Lay နှင့် မူလတန်း ကတည်းက သူငယ်ချင်းများဖြစ်သည်။Lay သည် Chanyeol ၏ အချစ်ဦးလည်းဖြစ်သလို လက်ရှိ တစ်ဖက်သတ်ချစ်နေရသော မိန်းကလေးလည်းဖြစ်သည်။ Chanyeol အဖေမှာ စစ်တပ်မှ စစ်အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်သည်။
ှိ Chanyeol အဖေသည် Chanyeol ငယ်စဉ်တည်းက ဘူဆန် ကိုတာဝန် အရ ပြောင်းလာကာ ယခုအချိန်ထိ ဘူဆန်တွင်ပင်ဖြစ်သည်။ Lay နှင့် Chanyeol လည်း ဘူဆန် အထက်တန်းကျောင်း တွင် တစ်ခန်းတည်းအတူတူ ပင်ဖြစ်သည်။

LOVE MELODYWhere stories live. Discover now