Part 16

815 103 8
                                    

Suho>>> ဟင် Appa

အိပ်ချင်မူးတူး ဖြစ်နေသဖြင့် အသိစိတ်က အနည်းငယ်ရယ် Suho တံခါးကို ဖွင့်လိုက်မိပြီးမှ သူ့
Appa ကိုမြင်လိုက်ပြီး အခန်းထဲမှာ Lay အိပ်နေတာကို သတိရသွားသည်။

ထိုအခါမှအခန်း အပြင် ထွက်ကာ
အခန်းထဲကို Siwon မကြည့်မိခင် တံခါးကိုအလျင်အမြန်ပြန်ပိတ်လိုက်သည်။

Suho's Appa (Siwon)>>> Appa Singapore က သူငယ်ချင်းရုတ်တရတ်ဆုံးလို့ ညတွင်းချင်းသွားရမယ်။

Suho>>>Arrr Nae ...

Siwon လှေကားဆီပြန်လှည့်ပြီး အောက်ထပ်ကို ဆင်းသွားရင်း

Siwon>>> ရှယ်ယာရှင် အစည်းအဝေးနဲ့ ပတ်သတ်ပြီးဆွေးနွေးစရာရှိတာ Kris ကို ဖုန်းဆက်ပေးဦး သူ့ Appa ကို ဆက်သွယ်လို့မရဘူး Canada မှာဘာဖြစ်နေလည်းမသိဘူး။

Suho>>> Nae ပြောလိုက်ပါ့မယ် ဒါနဲ့လေဆိပ်ကို ကိုယ်တိုင်မောင်းသွားမှာလား

Siwon>> Driver ခေါ်ထားတယ် အခုရောက်လောက်ပြီ။
သွားပြီ။

Suho>>>Nae ဂရုစိုက်သွားပါ။

မနက် 2 နာရီလောက်ကြီး အိပ်ချင်စိတ်တောင်ပျယ်သွားသည်။Sofa ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း အပေါ်ထပ်မှာ အိပ်နေတဲ့Lay ကို သတိရသွားပြီး တော်တော်ကံကောင်းတဲ့ မိန်းကလေး လို့ တွေးရင်း ပြုံးလိုက်မိသည်။

ပြန်အိပ်မလ်ု့ စဉ်းစားရင်း Suho အောက်ထပ်မီးတွေပိတ်လိုက်ပြီး အပေါ်ပြန်တတ်လာလိုက်သည်

အခန်းထဲကို ခြေဖွဖွလေးနင်း ဝင်လာကာ ခုတင်တတ်ပြီးပြန်အိပ်ဖို့ ပြင်လိုက်သည်။
Lay ကတော့ ဘာမှမသိ စောင်ကို ခေါင်းထိ ခေါင်းမြီးခြုံပြီး အိပ်မောကျနေဆဲ။

4:30AM နှိုးစက် မြည်လာသည်။

တီတီ-တီ ~တီတီ-တီ ~ တီတီ-တီ~~

နိုးစက်သံ ကို ပိတ်ပြီး Lay အိပ်ယာမှ ကုန်းရုန်းထလာကာ ရေချိုးခန်းထဲဝင်သွားသည်။

Suho ကတော့ မနက်နှစ်နာရီ ကမှ ပြန်အိပ်ထားတာမို့လို့ နိုးစက်သံကို မကြားလိုက်။

Lay ရေချိုးခန်းထဲကနေ မျက်နှာသစ် သွားတိုက်ပြီးထွက်လာသည်အထိ Suhoအိပ်နေဆဲ။
ဒီတစ်ခါတော့ Lay ကျောင်းလွယ်အိတ် လွယ်ပြီး ခြေသံဖွဖွလေးပဲ နင်းကာ အခန်းပြင်သို့ထွက်လာခဲ့သည်။

LOVE MELODYWhere stories live. Discover now