Part 19

773 108 9
                                    

At 5:45 AM
တီတီတီ.တီ တီတီတီ.တီ (နိုးစက်သံ)

နိုးစက်သံမြည်နေဆဲမှာပင် ဟိုစမ်းဒီစမ်းနဲ့ စောင်ကြားထဲကနေလက်ဖြူဖြူသွယ်သွယ် လေး  ထွက်လာပြီး ဖုန်းနိုးစက်ခလုတ်ကို ပိတ်လိုက်ကာ
ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်၍ ပြန်အိပ်နေလေသည်။

10 Mins ခန့်ကြာပြီးနောက်
တီတီတီ.တီ တီတီတီ.တီ (နိုးစက်သံ)

~ဟင်းးး ဒီနိုးစက်က လည်း မြည်ပြန်ပြီ~

Lay တစ်ယောက် စောင်ကိုခေါင်မြီးခြုံထားရာကနေ
အိပ်ချင်မူးတူးဖြင့် ပွစိပွစိ ရေရွတ်ရင်း ရေရွတ်ရင်း ~~~~

စောင်ခေါင်းမြီးခြုံလျက် အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်ကာ ကပျာကယာ နဲ့ ဖုန်းက နာရီကို ကြည့်လိုက်တော့

Omma ~~ Arrrrr(အာခေါင်ခြစ်အော်သံ) ~~ သွားပြီ သွားပြီ လုပ်ကြပါဦး 6 နာရီ ချိန်းထားတာ

ပါးစပ်က နေ ပြောလည်းပြော စောင်ပုံထဲကနေ ကုန်းရုန်း ထကာ တစ်ယောက်တည်း ဘာကနေ စလုပ်ရမှန်းမသိပဲ အခန်းထဲ ပတ်ချာလှည့်နေသည်။

ပတ်ချာလှည့်နေရင်းနဲ့မှ ခေါင်းကို လက်နဲ့ပုတ်လိုက်ပြီး

အာ ~ မျက်နှာသစ် သွားတိုက်

မနက်တိုင်း လုပ်နေကြအလုပ်တောင် မနည်းလှည့်ပတ်ပြီး စဉ်းစား နေရသည့်Lay
ငယ်ငယ်လေးကတည်းက ဘာလုပ်လုပ် အေးဆေး လုပ်တတ်တဲ့ Lay
တစ်ခုခု အရေးကြုံရင် ပျာယာခတ်ပြီး ဘာက စလုပ်ရမှန်းမသိ ဖြစ်နေတတ်တဲ့ သူမ အကျင့်အတိုင်း မျက်နှာသစ် သွားတိုက်ကိစ္စပြီးတော့ 

~ နောက်ပြီးတော့ ဘာလုပ်ရပါ့~

ခြေထောက်ကလည်း အငြိမ်မနေ ခုန်ဆွခုန်ဆွ နဲ့ နာရီကြည့်လိုက် အကျီ်င်္ လဲလိုက် - အဝတ်အစားလဲပြီးတော့ သူမ ရဲ့ မြတ်နိုးလှပါသော ဆံပင်ရှည်ကို ဖြီးရပြန်သည်။စည်းရပြန်သည်။ အပြီးသတ် မှန်တစ်ချက်ကြည့်လိုက်ပြီး
အိတ်လွယ်ကာ  နာရီကောက်ယူပြီး အခန်းပြင်ထွက်လာသည်။

အခန်းပြင်လည်း ရောက်ရော အိမ်ထိန်းတော် Arjima နဲ့ ပက်ပင်းတိုးပြီး

~ Lay အစောကြီး ပြင်ဆင်ပြီး ဘယ်သွားမလို့လဲ ဒီနေ့ကျောင်းပိတ်တယ်လေ ~

LOVE MELODYTahanan ng mga kuwento. Tumuklas ngayon