Part 20

860 96 7
                                    

ကျောင်းပိတ်ရက် နှစ်ရက်လုံးမှာ တစ်ရက်က busan သွားလိုက်ရလို့ နောက်တစ်နေ့ကတော့ အိမ်တွင်းအောင်းပြီး တောင်လျှောက်လိုက် မြောက်လျှောက်လိုက် နဲ့ ကုန်ဆုံးသွားခဲ့တာ ကျောင်းပြန်တတ်ရမယ့် Monday ကိုတစ်ဖန် ရောက်လာပြန်ပါသည်။

"ဟာ နောက်ကျနေပြီ bus ကား လူတိုးရရင် ဒုက္ခပါပဲ ~ "

မနက် 8:15 ကျော်ကျော် လောက်မှာ Lay ခမျာတော့ ကျောင်းနောက်ကျပါပြီ ဆိုပြီး ညည်းနေရပါပြီ။

တစ်ချို့ လူတွေကတော့ အေးအေးဆေးဆေး ရေမိုးချိုး အဝတ်အစားလဲ တုန်း :P

မနက် 8:15 ကို ကျောင်းသွားဖို့ နောက်ကျတယ်ဆိုပြီး ပျာယာခတ် နေတာကို ထူးဆန်းတယ် ဆိုရင် Lay ရဲ့ ကျောင်းသွားပုံကို အရင် ရှင်းရပေဦးမည်။

လွန်ခဲ့တဲ့ ကျောင်းတတ်ရက် အတွင်း Lay ကျောင်းသွားချိန် မှာ အိမ်ရဲ့ နောက်ဖက် လမ်းကြားကနေ bus stop ထိ ၁၅ မိနစ်နီးပါး လမ်းလျှောက်ရသည်။bus မလာသေးရင် စောင့်ရသေးသည်။bus stop က နေ ကျောင်းနားက အနီးဆုံး bus stop ထိ 20 မိနစ်ကျော်ကျော် မောင်းရသည်။ ထိုကြားထဲ မီးနီ ၍ လမ်းပိတ်၍ accident ဖြစ်၍ ဆိုတဲ့ အကြောင်းကြောင်း ကြောင့် 30 မိနစ်လောက် မထင်ရင် မထင်သလို ကြာတတ်ပါသေးသည်။
ကျောင်းနားက bus stop ကနေ ကျောင်းထိကို Lay ရဲ့ လမ်းလျှောက်နှုန်းနဲ့ဆို 7 မိနစ်လောက်လျှောက်ရသည်။
El dorado ရဲ့ ကျောင်းစည်းကမ်းက ကျောင်းတတ်ချိန် 9:00 ဒေါင်ဆိုတာနဲ့ ဂိတ်တံခါးက ပိတ်ပြီ။ အချိန်ကျော်မှ ရောက်လာတဲ့သူတွေကို အားကစားဆရာက တုတ်တစ်ချောင်းနဲ့ ဆီးကြိုတတ်သေးသည်။
ထို လက်စွဲတုတ်နဲ့လည်း ကျောင်းသူ ကျောင်းသားမရွေးပဲ တစ်သားတည်း မိတ်ဆက်ပြီး အပြစ်ပေးတတ်သေးသည်။

အပြစ်ပေးသည့်ပုံစံကို လည်း ပထမဆုံးကျောင်းတတ်သည့်နေ့က ကိုယ်တွေ့မြင်ခဲ့ဖူးသော Lay ကတော့ ထိုလက်စွဲတုတ်နဲ့ မိတ်ဆက်ခံရမှာကို ကြောက်ပါသည်။ ထိုကြောင့်လည်း ကျောင်းမတတ်ခင် 15 မိနစ်လောက် ကြိုရောက်အောင် အိမ်ကတည်းက သေချာ အချိန်ကိုက်ပြီးထွက်တတ်သည်။

အခုလည်း Lay ရဲ့ ပုံမှန် ကျောင်းသွားဖို့အချိန် နောက်ကျနေပြန်ပါပြီ။

LOVE MELODYWhere stories live. Discover now