Part 21

741 82 17
                                    

~အဟမ်း Love Melody ကမ်းပတ်~

မရေးတာကြာလို့ ကိုယ်တို် တောင် အဆက်မေ့နေတယ် ~…
- Start -

ညနေ 3 နာရီ ကျော် လောက်တွင် ကျောင်းဆင်းတော့ Suho အိမ်သို့ ချက်ချင်း မပြန်နိုင်ပေ။

ဆရာခန်းထဲတွင် Chen နဲ့ အတူ ကျောင်းပေါင်းစုံ အနုပညာပြိုင်ပွဲအတွက် အတူတူရှိနေရသည်။

စားပွဲထိပ်ကနေ အမြှပ်ထွက်မတတ် တရစပ်ပြောနေသော Yuri Sam ရဲ့ စကားတွေက နားထဲ ဝင်တစ်ချက် မဝင်တစ်ချက် လူနဲ့စိတ်ကလည်း ကပ်တစ်ချက် မကပ်တစ်ချက်နဲ့ ဒီအချိန်ကို အမြန်ကုန်ဆုံးအောင် ဆုတောင်းရင်း ~~

*At 4:45 PM*

~ အိမ်ပြန်ရောက်ပါပြီ ဆိုပြီး အသံပြုလိုက်သော်လည်း တုံ့ပြန်သံ မကြားရ။

Arjima ကိုလည်းမတွေ့ ပေ။
တိတ်ဆိတ်နေပုံက အတော် အထီးကျန်စရာကောင်းသည်။

Suho အသံပေးဝင်လာရင်း Lay ရဲ့ အခန်းဘက်ကို ခြေဦးလှည့်မလို့ လုပ်ပြီးမှ

                 "အာ - သူ အချိန်ပိုင်းအလုပ်ရှိတာပဲ အိမ်ပြန်မရောက်လောက်သေးဘူး"

တံခါး ခေါက်လုဆဲဆဲ လက်ကို ပြန်ရုတ်လိုက်ရင်း အပေါ်ထပ်က ကိုယ့်အခန်းကို ပဲ ခြေပြန်လှည့်လိုက်သည်။

အခန်းထဲရောက် တော့  လွယ်အိတ်ကို စိတ်ပျက်လက်ပျက်နဲ့ ဆိုဖာပေါ် ပစ်တင်ရင်း အိပ်ယာပေါ် ကျောလှဲချလိုက်ကာ မျက်လုံးကို အသာမှိတ်လိုက်သည်။

တစ်ချိန်လုံး Suho စိတ်ကို စိုးမိုးနေတဲ့  ထိုအချိန်တုန်းက သူမရဲ့မျက်နှာလေး
Xiumin  သာ ချောင်းမဟန့် လိုက်ပါက ထိုအေးချမ်းလှတဲ့  မျက်နှာလေး  ဘယ်ချိန်ထိ အသိမဲ့စွာ ငေးကြည့်နေခဲ့မိမလဲ ??
…………………………………………ထိုနေ့ နေ့လည်က -
Chen  Suho Baek Lay နဲ့ Xiumin တို့ နေ့လည်စာ စားပြီးတော့  ထမင်းစားဆောင်ကနေ အုပ်စုလိုက် ထွက်လာခဲ့ကြသည်။ 

Soo ကတော့ အိမ်က အရေးကြီး ဖုန်းဆက်လို့ ပြန်သွားသည်။

ဘောလုံးကွင်းကို ဖြတ်၍ အတန်းဘက်ပြန်လာခဲ့ကြရင်း

စာသင်ဆောင် ဘက် မရောက်ခင်Baekhyun က ကန်တင်းဘက် ခဏသွားဦးမယ် ဆိုပြီး Lay ကို အတင်းဆွဲခေါ်ကာ ထွက်သွားလေသည်။

LOVE MELODYDove le storie prendono vita. Scoprilo ora