Part 22

888 92 6
                                    

လူတစ်ခြား စိတ်တစ်ခြားနဲ့ ပြန်လာလိုက်တာ အိမ်ရှေ့ကို ဘယ်လို ရောက်လာမှန်း မသိလိုက်ပေ။ လူခေါ်ဘဲလ် တီးခါနီး လက်က နာရီကို ကြည့်လိုက်တော့ 6:30 လုနီးနီး

စိတ်ထဲကနေလည်း

" ဒီအချိန် ဆို Lay အိမ်ပြန်ရောက်လောက်ပါပြီ -

လက်က လူခေါ်ဘဲလ် ခလုတ် ကို နှိပ်ပြီး တစ်အောင့်လောက်နေတော့ Arjima က တံခါး ဖွင့် ပေး၍ ခြံထဲ ဝင်လာခဲ့လိုက်သည်။

လျှောက်လမ်းဘေးက မီးလုံး တွေ ကို တစ်လုံးချင်းလိုက်ကြည့်ရင်း လူက လေး လံနေသလို ခံစားရသည်။ လက်ထဲက ကိတ်ဘူး ကိုပင် သယ်ချင်စိတ်မရှိပေ။

အိမ် တံခါးမကြီးကို ဆွဲဖွင့်လိုက်ပြီး ဖိနပ်ချွတ်ကာ ခေါင်း ငိုက်စိုက်ရင်း တစ်လှမ်းချင်း မီးဖို ချောင်ဘက် ဦးတည် သွားလိုက်သည်။

~ကျောင်းကအခုမှ ပြန်လာတာ လား နောက်ကျ လိုက်တာ

Arjima က ကျောပေးရင်း Suho ကို ပြောနေသော်လည်း တုံ့ပြန်စကားမကြား ရ၍ နောက်လှည့်ကြည့်တော့

~ ဟင် ကျောင်းကပြန်လာတာ မဟုတ်ဘူးလား ကျောင်းဝတ်စုံနဲ့ လည်းမဟုတ်ဘူး

ဝယ်လာတဲ့ ကိတ်ဘူးလေး ကို Arjima အား လှမ်းပေးလိုက်ရင်း

~ Ar.Nae  ဒါလေး ရေခဲ သေတ္တာ ထဲ ထည့်ထားပေးပါလား

Arjima လည်း လှမ်းပေးတဲ့ ကိတ်ဘူးကို ယူပြီး Suho မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ Suho အကြည့်က ငေးမောနေပုံပင် လူနဲ့စိတ်နဲ့ကပ်ပုံမပေါ် -

~ ကိတ်သွားဝယ် တာ ဘယ်သူနဲ့တွေ့လာလို့လဲ မျက်နှာက ဖြူဖတ်ဖြူရော် နဲ့ နေမကောင်းဘူးလား

ငေးမောနေရင်းကနေ Arjima စကား ကို ကြား၍ ပဲလား မသိ နေ့လည်က Lay ရဲ့ ဖြူလျော့လျော့ မျက်နှာလေး ကိုပြန်မြင်ယောင်လာရင်း ရုတ်တရတ်

~ Arjima - Lay ကော Lay အိမ်ပြန်ရောက်ပြီလား

Arjima က ရေခဲသေတ္တာ ဆွဲဖွင့်ကာ ကိတ်ဘူးကို နေရာတကျ ထည့်လိုက်ရင်း

~ Lay လား သူ့အခန်းထဲ မှာရှိမှာပေါ့ " ဟု

နောက်ကျောပေး ပြောနေရင်းက ပြန်လှည့်ကြည့်လိုက်တော့ Suho ကို မတွေ့တော့ပေ။
…………………………………………
~ အော် Lay ပါလား ပြန်လာတာ စောလိုက်တာ အချိန်ပိုင်းအလုပ်ရှိတယ် ဆို

LOVE MELODYWhere stories live. Discover now