part 3

391 35 2
                                    

[Unicode]

စာရင်းတွေအချိန်တစ်ခုထိလုပ်နေရင်း နာရီကိုကြည့်လိုက်မိတော့ ရုံးဆင်းချိန်ကို 15မိနစ်ပင် စွန်းနေပြီ။ အလုပ်တွေလည်းမပြတ်သေးတာနဲ့ ကော်ဖီတစ်ခွက်လောက်ယူပြီးဆက်လုပ်မယ်ဆိုတဲ့အတွေးနဲ့ အခန်းအပြင်ထွက်လာခဲ့တယ်။
အတွင်းရေးမှူးဂျွန်ကတော့ နေရာမှာမရှိတော့ပေ။ ရုံးဆင်းချိန်ကျော်နေပြီဆိုတော့ ရုံးဆင်းသွားပြီနေမှာပါ။ အတွေးတွေကိုရပ်လိုက်ပြီး coffeeယူဖို့သွားမယ်အလုပ် အခန်းထဲဝင်လာသော အတွင်းရေးမှူးဂျွန်။ လက်ထဲမှာလည်း ကော်ဖီခွက်နဲ့အစာပြေမုန့်တစ်ချို့~

(ဒီမှာတစ်ခုပြောချင်လို့ပါ။ ရုံးကလေ သူတို့အထပ်ကိုရောက်ရောက်ချင်း ဝန်ထမ်းတွေရဲ့နေရာကိုအရင်တွေ့ရမှာပါ။ သူတို့ကိုအကျော်အခန်းတစ်ခန်းထဲဝင်လိုက်ရင် အတွင်းရေးမှူးစားပွဲတွေ့ရမှာပါ။ အတွင်းရေးမှုးစားပွဲမျက်နှာချင်းဆိုင်မှာမှ ဒုဥက္ကဋ္ဌအခန်းကိုတွေ့ရမှာပါ။ ရှုပ်သွားလား။ what wrong with secretary Kim ကားထဲက ရုံးခန်းနဲ့ခပ်ဆင်ဆင်ပါ။ အဲ့ကားကြည့်ဖူးတဲ့သူဆို အဲ့ရုံးခန်းပုံလေးကို မြင်ကြည့်လို့ရပါတယ်နော်။ riaက မျက်လုံးထဲမြင်အောင်မရေးတတ်လို့ပါ😅)

"အတွင်းရေးမှူးဂျွန် ဒီမှာဘာလုပ်နေတာလဲ?"

ဒုဥက္ကဋ္ဌအတွက် ကော်ဖီနဲ့မုန့်သွားယူနေတာပါ။ ဘာခိုင်းစရာရှိလို့လဲဗျ"

"မရှိပါဘူး။ ဒါနဲ့ ရုံးမဆင်းသေးဘူးလား"

"nae ဒုဥက္ကဋ္ဌကမဆင်းသေးတော့ .... အဲ့တာ .... "

"အော် ကျမကအလုပ်မပြတ်သေးလို့ပါ။ ဆင်းနှင့်တာမဟုတ်ဘူး"

"အဲ့တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ယောက်မှမဆင်းသေးတာ"

"ဟမ်!!!"

ကျမလည်း အပြင်ထွက်ကြည့်လိုက်တော့ အလုပ်စားပွဲမှာ အလုပ်လုပ်နေကြဆဲဝန်ထမ်းများ~

"အားလုံး အလုပ်မဆင်းကြသေးဘူးလား"

"ဟို_အဲ့တာက_"

"အာ miyar ကျမကိုမစောင့်ပဲ ရုံးဆင်းချိန်ဆင်းရကြောင်း ကြိုပြောထားရမှာကို....... "

Away from Soledad(complete) Место, где живут истории. Откройте их для себя