part 13

286 19 7
                                    

[Unicode]


တီတောင်

"ဘယ်သူလဲ_အော် ယော့လေး hyung ဝင်ခဲ့လေ"

"ဘယ်သူ_oppa"

"Oppa ဂျေဟီးကိုပြောစရာရှိတယ်"

"ပြောလေ"

သုံးယောက်လုံး sofa ပေါ်မှာထိုင်လိုက်ကြတယ်။

"တကယ်ပဲ ကုမ္ပဏီကိုပြန်လာဖို့ စိတ်ကူးမရှိဘူးလား"

"အွန်း"

ထိုအခါ oppaရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

"မီနာက ဂျေဟီးနေရာဝင်လုပ်နေတယ်။ အတွေ့အကြုံမရှိတဲ့အပြင် စိတ်ဆတ်တတ်သူမို့ အများကြီးပွလောရိုက်နေပြီ။ ရှယ်ယာရှင်တွေကလည်း မငြိမ်မသက်ဖြစ်လို့ ဥက္ကဋ္ဌကြီးကိုယ်တိုင် ပြန်လုပ်နေရတယ်"

"အဲ့ဒီတော့_"

"ဂျေဟီးရဲ့ စိတ်ကိုမသိတာမဟုတ်ပင်မဲ့ ထပ်ပြီးမစဥ်းစားတော့ဘူးလား"

"ကျွန်မလေ အခုဝါသနာပါရာကို လွတ်လွတ်လပ်လပ်လုပ်ဖို့ စဥ်းစားထားပြီးသား။ ကုမ္ပဏီအလုပ်ကို ဝါသနာမပါဘူး"

"အင်းပါ။ ဂျုံးဂုကော~"

"ကျွန်တော်က သက်သက်အလုပ်ရှိပါတယ်"

"အင်းပါ။ အခု ပျော်ပျော်ရွှင်ရွှင်နေတော့ ငါ့ညီမလေး"

"အွန်း"

Oppaလည်း လက်လျော့ကာ ပြန်သွားတော့တယ်။

"ယွန်း"

"ဟင်"

"ကိုယ့်ကို necktieစည်းပေးပါ့လား"

ဒီနေ့က ကိုက Jeon groupမှာ တရားဝင်အလုပ်ဝင်မဲ့နေ့ပင်။

"အွန်း"

ပြွတ်စ်

Necktieစည်းပေးနေတုန်း နှုတ်ခမ်းကိုလာနမ်းတဲ့ ကို~

"ရုတ်တရက်ကြီး!"

"ဟီးဟီး အားယူတာ"

"အဆင်ပြေသွားမှာပါ။ ကိုကတော်ပြီးသားပဲဟာ"

"အွန်းးး~သွားရအောင်။ ကိုယ်ယွန်းကိုအရင် ဆိုင်လိုက်ပို့ပေးမယ်"

"အွန်း"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အသန်မာဆုံးလို့ ထင်ထားတဲ့သူ ဆေးရုံကုတင်ပေါ်မှာ လှဲနေတာမြင်ရလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးခဲ့ဘူး။

Away from Soledad(complete) Onde histórias criam vida. Descubra agora