part 9

264 23 0
                                    

[Unicode]

အိပ်ပျော်နေဆဲမှာပင် မျက်နှာပေါ်ထိတွေ့နေတဲ့ တစ်စုံတစ်ခုကြောင့် နိုးလာခဲ့တယ်။ မျက်လုံးများအားယူဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့ ဝိုးတိုးဝါးတားမျက်နှာတစ်ခု~

"ဂျုံးဂု"

"Miyar ကိုယ့်ကြောင့်နိုးသွားလား"

"မဟုတ်တာ~ရပါတယ်"

"ကိုယ်ညက အိပ်ရာပေါ်တင်ခဲ့တာပါ။ ဘယ်လိုလုပ် sofaပေါ်ရောက်နေတာလဲ"

"Sofaက ပိုသက်တောင့်သက်သာရှိလို့ပါ"

"အွန်းပါ။ ထတော့။ ကိုယ်အမူးပြေဟင်းရည်ချက်ထားတယ်"

ပြောပြီး ကိုယ့်နဖူးကိုလာနမ်းတယ်။ ရုတ်တရက်လုပ်လိုက်တဲ့အပြုအမူကြောင့် အံ့သြသွားတဲ့ကိုယ့်ကိုကြည့်ရင်း သူပြောလိုက်တာက~

"ဒီတစ်ခါမမှတ်မိဘူးဆိုပြီး အလိမ်မခံတော့ဘူး" တဲ့။

"ရုံးနောက်ကျလိမ့်မယ် မြန်မြန်ပြင်ချည်တော့"

"ကျမ တကယ်အဲ့လိုလုပ်ဖို့ဖြစ်ရဲ့လား မသိတော့ဘူး"

"ဟင်!?"

"ကျမမှာ သေချာပေါက်လုပ်ရမှာတွေရှိနေတာကို ခဏခဏ အားလုံးကိုလျစ်လျူရှုပြီး ဂျုံးဂုနားပဲနေချင်နေမိတယ်။ အဲ့လိုလုပ်လို့သေချာပေါက်မဖြစ်တာကိုး"

ထိုအခါ ဂျုံးဂုက ကိုယ့်ရှေ့မှာထိုင်လိုက်ပြီး လက်တွေကိုဆုတ်ကိုင်လိုက်တယ်။

"ခေါင်းမော့ပြီး ကိုယ့်ကိုကြည့်။ ဂျေဟီးက ကိုယ့်နားကိုလာလို့မဖြစ်ရင် ကိုယ်ကဂျေဟီးနားကိုလာခဲ့မယ်။ ဂျေဟီးလုပ်စရာရှိတာတွေကို လျစ်လျူရှုစရာမလိုအောင် ကိုယ်ပါအတူတူ ကူလုပ်ပေးမယ်။ အဲ့တာကြောင့် ကိုယ့်ကိုထပ်ပြီးတွန့်မထုတ်ပါနဲ့တော့ _ နော်"

ယုံကြည်အားကိုးလောက်တဲ့ မျက်ဝန်းတွေနဲ့ ဂျုံးဂုက ကိုယ့်ကိုစိုက်ကြည့်နေတယ်။ ငါတကယ်ပဲ အဲ့လိုလုပ်လို့ရရဲ့လား~
.
.
.
.
.
.
.
"အွန်း (မွ) saranghae"

ကိုယ်လည်း sofaပေါ်ကထလိုက်ပြီး သူ့ပါးတစ်ဖက်ကိုနမ်းကာ ဝန်ခံခြင်းတွေနဲ့အတူ ရေချိုးခန်းထဲ တစ်ချိုးတည်းပြေးဝင်လိုက်တယ်။ သူ့ရဲ့ရယ်သံသဲ့သဲ့လေးကို လျစ်လျူရှုရင်းပေါ့။

Away from Soledad(complete) Место, где живут истории. Откройте их для себя