final 💗

550 28 0
                                    

[Unicode]

ယွန်းကဆိုင်ခွဲတွေဆီသွားနေတော့ အိမ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းပေါ့။ ယွန်းက အရာရာအလျော့ပေးတတ်ပင်မဲ့ အလုပ်နဲ့ပတ်သတ်ရင်တော့ ခေါင်းမာလွန်းတယ်။ သူမတော့မသိပင်မဲ့ ကျွန်တော်ကတော့ သူမအနားမှာမရှိတဲ့အချိန်ဟာ အရမ်းကိုအထီးကျန်ပြီး ပင်ပန်းတယ်။ ယွန်းကဒါတွေကသိမှာမဟုတ်ပါဘူး။ အလုပ်ကဆိုင်ခွဲတစ်ခုက ပြသာနာတက်နေလို့ အလုပ်ရှုပ်နေတာနဲ့ ကျွန်တော်တို့ ဖုန်းတောင်သိပ်မပြောဖြစ်ဘူး။ ညပိုင်းလောက်ပဲပြောဖြစ်ကြတယ်။

တီ တီ

ပြောရင်းသူမဆီကဖုန်းဝင်လာတယ်။

*hello ယွန်း*

*မီးရားကို ယွန်းဆိုင်ကပြန်ရောက်တာနောက်ကျသွားလို့။ ကိုအိပ်နေတာနှောက်ယှက်သလိုဖြစ်သွားလား*

*သိရဲ့သားနဲ့။ ကိုယ်ကယွန်းနဲ့ ဖုန်းမပြောရသေးမချင်း မအိပ်ဘူးဆိုတာ*

*😆 အွန်းပါ*

*ယွန်းမနက်ဖြန် မနက်ပြန်လာမှာမလား*

*ယွန်းအဲ့တာပြောမလို့ ။ ယွန်း သဘက်ခါမနက်မှရောက်မယ်ထင်တယ်။ ဆိုင်ကခုထိ...*

*သဘက်ခါဆို ကိုယ့်မွေးနေ့ရောက်ပြီလေ*

*စိတ်မပူပါနဲ့။ ယွန်း မနက်စာအရောက်ပြန်ခဲ့ပါ့မယ်*

*ဟူးးး ထားပါတော့။ ညဥ့်နက်နေပြီ။ ပင်ပန်းနေရောပေါ့။ အိပ်တော့လေ*

*ကို စိတ်မဆိုးပါနဲ့နော်*

*ကိုယ်စိတ်မဆိုးပါဘူး။ အိပ်တော့နော်။ ချစ်တယ်*

*အင်းပါ။ ယွန်းလည်း ချစ်တယ်*
.
.
စိတ်မဆိုးပါဘူး။ ဒါမဲ့စိတ်မကောင်းတော့ဖြစ်မိသွားတယ်ဆိုတာ ယွန်းကိုကျွန်တော်ပြောမပြတော့ပါ။ သူမလေးလည်းပင်ပန်းနေရောပေါ့။ ကျွန်တော်ကပါ ပိုပင်ပန်းအောင်မလုပ်ချင်ဘူးလေ။ ဒါမဲ့ ယွန်းက ကျွန့်တော်ကိုပေးတဲ့ကတိမဖျက်ဖူးတာမို့ စိတ်မကောင်းတော့ဖြစ်မိတယ်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ဒယ်ဂူဆိုင်ခွဲတစ်ခုမှာ အစာအဆိပ်သင့်တယ်ဆိုတဲ့ စားသုံးသူနှစ်ယောက်ပေါ်လာလို့ လိုက်ဖြေရှင်းနေရတယ်။ စာဖိုမှူးရဲ့ ပါဝင်ပစ္စည်းမှားထည့်မိလို့ဖြစ်တာမို့ အတော်လိုက်ဖြေရှင်းရသည်။ သတင်းမထွက်ဖို့လည်းလုပ်ရသည်။ နစ်နာသူနှစ်ယောက်က လူမှုကွန်ယက်ပေါ်မတင်တာပင် ကျေးဇူးတင်ရပေမည်။

Away from Soledad(complete) Tahanan ng mga kuwento. Tumuklas ngayon