part 12

296 25 0
                                    

[Unicode]

တဖြူးဖြူးတိုက်ခပ်နေသော လေပြေလေးတွေက လာရောက်ကျီစားနေပင်မဲ့ ဘယ်လိုမှမပျော်နိုင်။

ထပ်တလဲလဲကြားယောင်နေမိတဲ့စကားတွေကြောင့် ဝဲတက်လာတဲ့ မျက်ရည်များကို ကြိုးစားထိန်းထားမိတယ်။

"ယွန်း....."

"ကျမက မွေးဖွားမလာခဲ့သင့်ဘူး။ ဒါဆို ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။ အဟက် ကျမက ဘာလို့ရှင်သန်နေတာလဲ မသိတော့ဘူး"

ကိုယ့်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့သူ။ ခါတိုင်းလည်း နွေးထွေးတယ်ဆိုပင်မဲ့ ခုမှပိုပြီးနွေးထွေးနေသလို~

"ငိုချလိုက်လည်းရတယ်။ တစ်ခုတော့သိထား။ ဒါ ယွန်းရဲ့အပြစ်မဟုတ်ဘူး။
ပြီးတော့ မွေးဖွားရှင်သန်ထိုက်လို့ မွေးဖွားပြီးရှင်သန်နေတာ။
ဘယ်သူတွေဘာပြောပြော ကိုယ့်အတွက်ယွန်းက ဘာနဲ့မှလဲလို့မရအောင် အဖိုးတန်တယ်ဆိုတာ သိထားပေးနော်"

"ကျမကြောင့်_ကျမက ommaကိုသတ်လိုက်တာ😭
အဲ့တာကိုမသိပဲ အသတ်ခံရမှာ ကြောက်နေခဲ့တာ😭
တကယ်တော့ ommaက ကျမကြောင့်သေရတာ😭"

"မဟုတ်တာယွန်းရာ။ ယွန်းအပြစ်မှမဟုတ်တာ။ အဲ့လိုမတွေးရဘူးလေ။ ယွန်း ommaသိရင်လည်း စိတ်မကောင်းဖြစ်နေမှာပေါ့"

ကျမဘဝမှာ လူမှန်းသိစကတည်းက ommaတစ်ယောက်ပဲရှိခဲ့တာ။ ကျမကိုကျောင်းဝတ်စုံလေးနဲ့တွေ့လိုက်ရရင် ommaကသိပ်ပျော်တာ။ ဘယ်လောက်ပင်ပန်းပါစေ ကျမစာကြိုးစားနေတာမြင်ရင် ပင်ပန်းရကြိုးနပ်တယ်တဲ့။

အဲ့တာကြောင့် ommaအတွက် အမြဲကျောင်းမှာ ထိပ်ဆုံးရောက်အောင်လုပ်ခဲ့တယ်။ IQမြင့်သူမို့ ခက်လှပါတယ်ဆိုတဲ့ တန်းကျော်စာပေးပွဲကိုပင် တစ်ခါတည်းနဲ့အောင်ခဲ့တယ်။ အဲ့လိုအချိန်ဆို ကျမထက် ommaက ပိုပျော်နေခဲ့တာ။

ဒီလို တော်တာဟာ ommaကို ဆုံးရှုံးရမယ်ဆိုတာ သိခဲ့ရင် ကျမကြိုးစားခဲ့မည်မဟုတ်။

Flash back

"ရောက်လာပြီလား"

"appa!?"

"အတွင်းရေးမှူးအို ဖုန်းဆက်တယ်"

"အဟက် မှန်နေတာပဲ........ ။ ဘာလို့လဲ? ဘာလို့ခုလိုလုပ်ရတာလဲ"

Away from Soledad(complete) Место, где живут истории. Откройте их для себя