မာယာ .... မှော်ရုံလမ်းမယ်
နီလာရောင် လွှမ်းခြယ်
ရီဝေဝေ ကမ်းလင့်တဲ့
ကြွေနေတဲ့ ပန်းတို့ဘက်
လေလို ခြေလှမ်းတို့နဲ့
ဒီလူဟာ လျှောက်ခဲ့မိတယ်
ချိုမြိန်ဘဝတော...အလယ်
ဖွေရှာသူ မော...တယ်
ဖြေပြေရာ မဲ့...လို့လည်း
ရင်ခုန်သံလေးအက်ကွဲ" သားသားရေ.... "
သီချင်းထဲစီးမျောနေရင်းမေမေ့အော်သံကြောင့် ကတ်စက်အသံကိုလျှော့လိုက်ရသည်။
" ဗျာ မေမေ "
" မေမေ့ဆီခဏ လာပါအုံး "
အခန်းအပြင်မှမေမေကပြောပြီးလှည့်ထွက်သွားပုံရသည်။ဘာသံမှထပ်မကြားရတော့။ဖေဖေ့စာကြည့်ခန်းထဲတွင်ဒီအချိန်ကျွန်တော်လာတတ်မှန်းသိသည့်မေမေကကျွန်တော့်ကိုဖေဖေ့စာကြည့်ခန်းရှေ့လာခေါ်ခြင်းဖြစ်သည်။ကတ်စက်ကိုပိတ်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
အောက်ထပ်ဧည့်ခန်းတွင် မေမေ့အပြင်ကျွန်တော်မသိသည့်လူလေးယောက်ကိုတွေ့ရသည်။မေမေ့အရွယ် ဦးလေးနှင့်အန်တီလူကြီးနှစ်ယောက်နှင့် ကျွန်တော့်ထပ်အသက်အနည်းငယ်သာကြီးမည့် မိန်းအပျိုတစ်ဦးနှင့်ယာက်ျားတစ်ဦး။
" လာ သားသား "
" သားလေးကဒီအရွယ်တောင်ရောက်လာပြီပဲ "
ပြုံးရင်းဆိုလာသူဧည့်သည်အန်တီကြီးကြောင့် ကျွန်တော်လည်းပြန်ပြုံးရသည်။
" ဟုတ်တယ် မမ
သားသားက ဒီနှစ်ဆယ်တန်းတက်ရတော့မယ် "မေမေကထိုဧည့်သည်များနှင့်ရင်းနှီးစွာစကားဆိုနေကြသည်။ထိုတွင်တိတ်ဆိတ်ငြိမ်သက်နေသူကမိန်းမပျိုနားတွင်တည်ငြိမ်စွာထိုင်နေသောလူ။ဘာစကားမှဝင်မပြောဘဲခပ်ပြုံးပြုံးသာမေမေတို့ပြောစကားများကိုဂရုတစိုက်နားထောင်နေသည်။
" သား ဆောင်းဟွန်းရဲ့မင်္ဂလာပွဲကိုမလာနိုင်တာအားနာလိုက်တာမမရယ် "
မေမေကအားနာစွာဆိုတော့အန်တီကြီးကနားလည်သလိုကြည်လင်စွာပြုံးသည်။ထိုအန်တီ့အပြုံးတွေက ဘေးမှာငြိမ်သက်စွာထိုင်ရင်းပြုံးနေသူ၏အပြုံးများနှင့်ထပ်တူညီစွာဆင်တူသည်။