part9

1.3K 124 1
                                    

Part 9 လေညွှန်တံ( Anemometer)

ခန်းမကျယ်ကြီးထဲ စုဝေးနေကြတဲ့ အရာပေး အကြီးအကဲ တစ်ချိုရော နတ်နန်းဘွားဘွား ရော အတူအကုန်လုံး သတ်မှတ်ထားတဲ့ နေရာ အသီးသီး မှာ ထိုင်ကာ ရီလင်းအရှင် ကို စောင့်နေကြတယ်.....ရီလင်းအရှင် ရဲ့ ကြင်ယာတော်လေး ရှောင်းဝမ်ကတော့ သူရဲ့ အရှင် ရဲ့ဘေး နားမက ထိုင်ခုံလေးမှာ ထိုင် စောင့်နေခဲ့တယ်....

ကျန့်.......အားလုံးပဲ စောင့်နေရတာ ကြာသွားပြီထင်တယ်....

........ရပါတယ် အကြီးအကဲ ကျွန်တော်တို့ခေါ်တယ် ဆိုလို့ ဘာများ အရေးတကြီး ရှိလို့ပါလဲ....

ကျန့်.......အင်း ပြောပြတာပေါ့.....စူးချန်မျိုးနွယ်စုနဲ့ရီလင်းနယ်စပ်တစ်နေရာမှာ တွေဆုံခဲ့တယ်ဆိုတာ သိပြီးလောက်ပြီပေါ့.....

......ဟုတ်ကဲ့ သိပြီးပါပြီ....

ကျန့်.......အင်းအဲ့ဒါစူးချန် မျိုးနွယ်စု ကလူတွေက ချည်ယှက်လုပ်နည်းသင်ချင်လို့ ရှောင်းဝမ်ကို လတော်တစ်ခါပြည့် အပို့လွှတ်ပေးဖို့ကမ်းလှမ်းလာတယ်....

.......အရှင်သဘောကသာ အရေး ပါတာမို့ အရှင်ဆုံးဖြတ်ကိုနာခံဖို့အသင့်ပါ.....

ကျန့်..........ကောင်းပြီလေ.....ကြင်ယာတော် ရှောင်းဝမ် အမိန်နာခံပါ...

ရိပေါ အရှင်အသံ ကြားတာနဲ့ နေရာမှ ထကာ အရှင်ရှေ့ဒူးထောက် ကာ အမိနိ့နာခံဖို့လုပ်လေတယ်.....

ကျန့်.........စူးချန်မျိုးနွယ်စုဆီကို သွားဖို့ ပြင်ဆင်ထားပါ လတော် နှစ်ခါပြည့်မှ ပြန် လာရမယ်....

.......ဟင်.....
.....ဟာ....
.....အရှင် စဥ်းစားပါဦး....

ဝမ်........ရှောင်းဝမ် အမိန့်နာခံလျှက်ပါအရှင်.....

ရိပေါ မျက်ဝန်းလေးမှိတ်ချလိုက်တယ်...မျက်ဝန်းထဲက ရစ်သိုင်းနေတဲ့ မျက်ရည်တွေ ပါးပေါ်စီးကျတယ်.....မသုတ်ဖယ်မိဘူး ခေါင်းကို ငုံကာ အမိန်ကိုနာခံမူပြုလေတော့ ကြမ်းပြင်အထက်ကို ပေါက်ခနဲ့ ကျဆင်းသွားတယ် မျက်ရည်တွေ အရှင်မမြင်ပါစေနဲ့......

ကျန့်..........ကောင်းပြီ မနတ်ဖြန်.နံနတ်စောစော ခရီးစထွက်ပါ....ရှောင်းဝမ်နဲ့အတူ အခြွေအရံ တစ်ချို ပါလိုက်သွားပါ.....

လေညွှန်တံ ( Anemometer) Zhanyi CompletedOpowieści tętniące życiem. Odkryj je teraz