Near the love 18

859 52 0
                                    

Uni

"အဲ့ကောင်ကို မလွတ်စေနဲ့ ရအောင် ဖမ်း!!!"

မိမိရဲ့ ဆေးတွေကို တစ်ဖက်လက်နဲ့ ပေါင်းကာ ခိုးထုတ်သွားသူကို Death အတော်ပင် ဒေါသထွက်သွားလေသည်။

စာကြည့်ခန်းရှိ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း ဝီစကီတစ်ခွက်ကိုမော့သောက်ချလိုက်သည်။ လည်ချောင်းထဲသို့ ပူခနဲဆင်းသွားပင်မဲ့ ဒီအရသာကို ကြိုက်နေမိသည်။

ဒီလိုပဲ babyကိုချစ်ရတာ တစ်ခါတစ်လေ ပင်ပန်းမိတယ်။ မိမိဘက်ကသာ တစ်ဖက်သက်ဖြစ်နေတာကို။ ဒါပင်မဲ့ မိမိဒါကိုကြိုက်နေမြဲပဲ....

Baby ကအတိတ်သာမေ့တာ မိမိအပေါ်အထိအတွေ့ကအစ စိမ်းနေသေးတာခုထက်ထိပင်။

ခုလဲလေတဝူးဝူးနဲ့ တိုက်ခိုက်နေတာကို အရသာခံကာ မျက်လုံးကို မှိတ်ပြီး ငြိမ်နေလိုက်သည်။
တစ်ခါတစ်လေ မွမ်းကြပ်နေပြီး ထွက်ပေါက်ရှာဖို့ စဉ်းစားခဲ့ဖူးသည်။ ခတ်တာက တစ်နေ့တစ်ချိန်ကိုယ့်ဆီကို ပြန်ရောက်လာမဲ့သူရှိတာကြောင့် စိတ်တင်းကာနေနေမိသည်။ ခုတော့ စောင့်ရကြိုးနပ်အောင် သူပြန်လာပြီးကိုယ့်ဘေးနားမှာရှိနေလေပြီ...

ခန္ဓာကိုယ် ကသာ ကိုယ့်ဆီရှိနေပင်မဲ့ စိတ်ကတော့ခုထိ မိမိဆီမရောက်သေးသူလေးကို ဂရုစိုက်ရပေဦးမည်။

ဘယ်အချိန်ထဲက ရပ်နေမိလဲမသိ မှောင်ရိပ်ပျိုးနေပြီး ချမ်းဆိမ့်ဆိမ့်ဖြစ်နေတာကြောင့် တံခါးကိုပိတ်ကာ အထဲကို ပြန်ဝင်လာလိုက်သည်။

"ဆရာ..."
တံခါးခေါက်ကာ ဝင်ခွင့်တောင်းသူကြောင့် Death လဲ ဝင်ခွင့်ပေးလိုက်သည်။
"ဒါက မြန်မာပြည်က သူနဲ့ပက်သက်တဲ့ စာရွက်တွေပါ။ ခုထက်ထိတော့ သူ့တပည့်ဖြစ်သူက ငြိမ်နေတယ်။ ပြီးတော့ သူ့ရဲ့မိဘတွေက သခင်ကြီး နဲ့ ပက်သက်မှုရှိခဲ့ဖူးပါတယ်။"

"ဘယ်လို!! ငါ့အဖေနဲ့ baby မိဘတွေက ပက်သက်မှုရှိတယ်။ ငါလဲမသိရပါလား။ ဒါပဲလား"
"ဟုတ် ဆရာ..."

"သွားတော့... "

တပည့်ဖြစ်သူက Death အား ဦးညွန့်ကာထွက်သွားတော့သည်။

သူတို့မသိလိုက်ရတာက တံခါးအပြင်ဘက်က ထူးစစ်သော် ကိုပင်။
_________________

Near the love (Complete)Where stories live. Discover now