Uni
ကျွန်တော်ဖြစ်စေချင်တာတွေ လုပ်ချင်တာတွေကို အသာထားကာ မြိုချနေရသော စိတ်ကြီးက ရင်ထဲ အလုံးကြီးစို့နေလေသည်။ တစ်ခါတစ်လေ အရင်လို ပေါက်ကွဲကာ လုပ်ချင်တာတွေကို မစဥ်းစားဘဲ လုပ်ပြစ်ချင်ပင်မဲ့ အတိတ်ဆိုတဲ့ အရိပ်မဲကြီးက မိမိကို အမြဲသတိပေးနေလေသည်။
Baby ဆုံးပြီးလို့ ဓာတ်ပုံကိစ္စကို သေချာစုံစမ်းကြည့်တော့ ဟုတ်ပါတယ် Baby ပြောတာတွေက အကုန်အမှန်တွေ ဖြစ်နေတယ်လေ...သိပ်ကို ညံ့ဖျင်းလွန်းတဲ့မိမိပါလား။
Babyက မိမိအပေါ်မလိမ်တတ်တာကို ထည့်မစဥ်းစားခဲ့ပေဘူး.......
ဒီတစ်ခါတော့ ဖြစ်ချင်တာတွေမြိုသိပ်ကာ ဆိုင်ထဲက ရယ်မောကာ စကားပြောနေသော သူနှစ်ယောက်ကို အဝေးတစ်နေရာကနေ ကြည့်နေမိပြန်သည်။
မမြင်ချင်တော့သောမိမိကပဲ ထိုနေရာကနေ အရင်ရှောင်ထွက်သွားလိုက်လေသည်။
သို့သော် ရယ်မောနေသော နှစ်ယောက်ကတော့...
"အဲ့တာနဲ့ အစ်ကိုကဘာပြောလိုက်လဲ"
"လူမှားနေပြီ...ခင်ဗျားပြောတဲ့သူမဟုတ်ဘူး...ကျွန်တော်က လွန်းထက်သာ လို့ ပြောလိုတ်တယ်""အဲ့တာနဲ့ အဲ့ Lady boy ကကော ဘာပြန်ပြောလဲ"
"ဟုတ်လား sorry တဲ့..ဒါပင်မဲ့ နေပါစေ ဟိုတစ်ယောက်မလာရင် ဒီတစ်ယောက်ကိုပဲ ဆွဲမယ် ဆိုပြီး။အတင်းလိုက်ကပ်တော့တာပဲ"
"ဟားးး ဒါဆို အစ်ကို ဘယ်လိုလုပ်ပြီး လွတ်လာတာလဲ""ဟဟ...ဘယ်ရမလဲ ကိုယ်လေ ဒီလောက်တော့အေးဆေးပေါ့။ ဒါပင်မဲ့ Lady boy က ဗလနဲ့"
"ဟင်....ဟားးးး""ဟုတ်တယ် ကိုယ်တောင်မနည်းရုန်းပြီး။ထွက်လာရတာ"
"လိုက်မသွားဘူးလား ဟိ...."ပြုံးစိစိမေးနေသော ကောင်လေးကြောင့် လွန်းထက်သာ ရင်ထဲ ငှက်အုပ်ကြီးပျံသွားသည့်အလား....
"ဘာလဲ ကိုယ့်ကို လိုက်သွားစေချင်တာလား....ဟင်"မျက်နှာငယ်လေးနဲ့ ပြောလာသောသူကြောင့် ထူးစစ်သော် လဲ ချက်ချင်းငြင်းကာ
"မ...မဟုတ်ပါဘူး!! ကျွန်တော်က အဲ့လိုပြောတာမဟုတ်ဘူး။ ဒီအတိုင်းစတာ..."အသံလေးတိမ်ဝင်သွားကာ နှုတ်ခမ်းဆူသူလေးကြောင့် လွန်းထက်သာ ရယ်မိပြန်သည်။ ဒီကောင်လေးက တစ်နေ့တစ်ခြားပိုချစ်ဖို့ကောင်းလာတာတော့အမှန်ပင်။
YOU ARE READING
Near the love (Complete)
ActionUni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်...