Uni
'ဒုတ်'
'အ့'
ထိုလူ့အပြောကြောင့် Don ဒေါသထွက်သွားကာ ထိုးဖို့လက်ရွယ်လိုက်ပင်မဲ့ အရင်လက်မြန်နေသော တပည့်ဖြစ်သူက ကျောပြင်အား ဒုတ်နဲ့ရိုက်ချလိုက်လေသည်။ဒါကိုကြည့်ရင်း Don ကရယ်လိုက်ကာ...
"ငါ့တပည့်တွေ သိပ်ကိုသိတတ်တာ မင်းမြင်တယ်နော်။ မင်းတစ်ယောက်လုံးကိုလဲ ငါ့လက်သွေးမစွန်းစေပဲ နိဂုန်းချုပ်ပေးလိုက်နိုင်တယ်"ထိုလူမှာ ကြောက်ကြောက်လန့်လန့်နဲ့
"တောင်းပန်ပါတယ်...ကျွန်တော် မသိလို့ပါ...."
"နောက်ကျသွားပြီ အစောကြီးကတည်းက မင်းကမထိသင့်တာကိုထိတာကို...ငါ့နာမည်ကိုမှတ်ထား Death တဲ့...""အား..." စကားဆုံးတာနဲ့ လက်မောင်းပေါ်သို့ရောက်လာသော ဓားသွားတစ်ချက်....
"တောင်း....ပန်ပါတယ်.......အားးး"
ပေါင်ပေါ်သို့ထိုးစိုက်သွားသောဓားတစ်ချက်.....'ဇွတ်...ဇွတ်....ဇွတ်'အဆက်အပြတ်ထက်ကျရောက်လာသော ထိုးချက်တွေကြောင့် ထိုလူ့ပေါင်ပေါ်မှာ သွေးများဖြင့်ရဲရဲနီလျက်.......
ထိုလူလဲ အော်သာအော်နေရတယ် ဘာမှပြန်မလုပ်နိုင်ခဲ့....နောက်ဆုံး Don ထိုလူ့အနောက်မှာ မတ်တပ်ရပ်ကာ ဆံပင်ကိုစောင့်ဆွဲပြီးမော့စေလိုက်သည်။
"မ...မလုပ်ပါနဲ့ ကျွန်တော် ...ကြောက်ပါပြီ..." ကြောက်လန့်စွာ ဘယ်လောက်ပြောပြော Don ကတော့ လျော့ပေးဖို့ အစီအစဉ် မရှိ....
ဓားသွားက ထိုလူ့လည်ပင်းနားသို့ရောက်သွားကာ ခပ်ပါးပါးလေးကို ဖြည်းဖြည်းချင်း လှီးလိုက်လေသည်။
ခပ်နက်နက်မလှီးတာက အမြန်သေသွားမည်ဆိုးသောကြောင့်ပင်။ မိမိ ဒီလူ့ကို ညှင်းပြီးသတ်ချင်တာပင်။
ထိုသူကတော့ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ တဖြည်းဖြည်း အသက်ထွက်သွားတော့သည်။
ဒီတော့မှ Don လဲ ပုဝါတစ်ခုဖြင့် ဓားကိုသန့်စင်လိုက်သည်။လက်မှာပေနေတဲ့သွေးတွေကို ရေသန့်ဘူးဖွင့်ကာရေဆေးနေရင်း
"ဒီကောင့်အလောင်းကို ပင်လယ်ရဲ့ အနက်ဆုံးနေရာမှာ ခဲဆွဲပြီးပြစ်လိုက်တော့...."ကျန်တဲ့ကိစ္စတွေကို တပည့်တွေနဲ့ လွှတ်ထားကာ Don လဲ အိမ်ပြန်လာလိုက်သည်။ ညနေစောင်းနေပြီမို့ baby လဲမျှော်နေလိမ့်မည်။
.
.
.
ထင်သည့်အတိုင်း ခြံထဲကားဝင်လာတာနဲ့ အပြေးလေးလာသူကိုကြည့်ရင်း Don ရင်ထဲက ဒေါသမီးခဲတွေကရေဖြန်းလိုက်သလို ပျောက်သွားလေသည်။
YOU ARE READING
Near the love (Complete)
ActionUni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်...