Near the love 19

826 55 0
                                    

Uni

လက်တွေပင်ချွေးစီးတွေပြန်နေသော လပြည့်ဝန်း ဒီဆုံးဖြတ်ချက်ကို ချပြီးကတည်းကနောက်ဆုတ်ဖို့အတွေးမရှိတော့ ဒါကလဲသိပ်ချစ်ရတဲ့ကိုကို့အတွက်ပင်။

အရှေ့ကမဝံ့မရဲဖြစ်နေသူလေးကိုကြည့်ရင်း ဇေရဲမာန် မျက်မှောင်ကျုံ့မိသည်။ ကလေးပုံစံကတစ်ခုခုဖြစ်နေတဲ့ပုံ....

ရေချိုးခန်းထဲက ထွက်လာပြီးပြီးချင်း ကလေးဘေးနားသွားကာ ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲယူကာဖက်လိုက်တော့ အလိုက်သင့်လေးပါလာလေသည်။

"ကလေး တစ်ခုခုဖြစ်နေတာလား။ ကိုယ့်ကိုပြောလေ...ကိုယ်တစ်ယောက်လုံးရှိနေတာ ဘာတွေစိုးရိမ်နေတာလဲကလေး"
"ဟင့်အင်း မဟုတ်ပါဘူး.... ကိုကိုဗိုက်ဆာနေပြီလား...ကလေးဒီနေ့ကိုကိုကြိုက်တာချက်ထားတယ်"

ရင်ခွင်ထဲကနေ မော့ကြည့်လာသူလေးစိတ်ထဲမှာ တစ်ခုခုဖြစ်နေမှန်း ဇေရဲမာန် သိသည်။ ဒီကလေးလေးကို လသားအရွယ်ထဲက အရိပ်တကြည့်ကြည့်နေခဲ့ရသူမိမိပါလေ...
တစ်ခုခုဆို မိမိသိတာပေါ့....

ဒါပင်မဲ့ ကလေးအဆင်ပြေမှသာဖွင့်ပြောတာကိုစောင့်နေတာပင်။
အရာရာ ကလေးဖြစ်နေတာကို ကြည့်နေရသူမို့ သူလေးတစ်ခုခုဖြစ်မှာစိုးရိမ်ဆုံးပင်။

"ကိုကို ကြိုက်လား။"
"ဒါပေါ့ ကလေးလက်ယာက တစ်နေ့ထက်တစ်နေ့ပိုတောင်ကောင်းလာတယ်"

"ဟီးးးးဟုတ်...ယောက်ျားအတွက်ပဲ ကြိုးစားရတာပေါ့"
"အဟွတ်...ဟွတ်...."

လပြည့်ဝန်း ဆီမှ ရုတ်တရက် ယောက်ျား လို့ အခေါ်ခံလိုက်ရသော ဇေရဲမာန် ထမင်းတောင် သီးသွားလေသည်။
"အယ်..ကိုကို ရေ...ရေသောက်နော်"

ကျောလေးကိုပွတ်ကာ ဂရုစိုက်လာပြန်သော လပြည့်ဝန်း ရယ်ပါ.......

"ခု...ခုနက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်"
"ဟီးးးယောက်ျား....လို့ဟိ..."

ပြုံးပြုံးရယ်ရယ်စနောက်နေသော ကလေးကြောင့် ဇေရဲမာန် မှာ မနေနိုင်မထနိုင်အသည်းယားလာလေသည်။

"နားထောင်လို့ ကောင်းလိုက်တာ။ နောက်လဲ ကိုယ့်ကို အဲ့လိုလေးခေါ်ပါကွာ...ကိုယ်ကြားချင်လို့"
"noပါနော်...ရိုးသွားမှာပေါ့..."

Near the love (Complete)Where stories live. Discover now