Uni
မွှေးပျံ့သောရနံ့ကြောင့် Death နိုးလာခဲ့သည်။ အိမ်ထဲကို တစ်ယောက်ယောက် ရောက်နေတာလဲသိသည်။ သေချာတာက ဒါ Roshan ပင်။ အပြင်ကိုကြည့်တော့ မှောင်တောင်မှောင်နေလေပြီ...
အကျောဆန့်ကာ ထရင်း မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
ကိုယ်ပေါ်တွင်Apron ကိုဝတ်ကာ ချက်ပြုတ်နေသော Roshan ကြောင့် Death ပြုံးမိသွားသည်။"နိုးရင်လဲထိုင်နေ ရတော့မယ်"
ရောက်နေတာကို သိသောကြောင့် Death တောင် မျက်ခုံးပင့်သွားလေသည်။သူပြောသလိုပဲ ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ခဏအကြာ အငွေ့တထောင်းထောင်းနဲ့ ဟင်းတွေရောက်လာလေသည်။ ဒီအထဲမှာ ကြက်ကာလသားဟင်း ကတော့ မပါမဖြစ်ပေါ့....
"ဒီရက်ပိုင်း အစားကောပုံမှန်မစားဖြစ်ဘူးမှတ်လား...ကုန်အောင်စား"
"မင်းကဘယ်လိုသိ""ငါဆရာဝန်ပါ။ မင်းအိပ်နေတုန်းသွေးခုန်နှုန်းစမ်းလိုက်တာ အားနည်းနေတယ်..ဒါကြောင့် အားရှိအောင်စား။"
Roshan ချက်ပေးတဲ့ ဟင်းပွဲတွေကြောင့် Death စားလိုက်တာ ဗိုက်ကိုပြည့်အင့်သွားလေသည်။ ပြီးတာနဲ့ အချိုပွဲဆိုပြီး အသီးတွေပါ ကျွေးသေးသည်။
နှစ်ယောက်သား အသီးစားရင်းနဲ့ Death မှ
"ဘယ်လိုထွက်လာတာလဲ"
"မင်းသူငယ်ချင်းပါ။ ဒီလောက်တော့တတ်တယ်။ ဒါတောင် ငါ့ခြံရဲ့ မလှမ်းမကမ်း မှာ သူတို့စောင့်နေတာကြောင့် မမြင်အောင် သေချာထွက်လာခဲ့တာ"ဂုဏ်ယူသလိုပြောနေသူကြောင့် Death လဲ ကြည့်ရင်း ပြုံးလိုက်ကာ
"တော်သားပဲ"
"ငါပါ"သေချာတာက အိမ်ရှေ့တံခါးကနေ သေချာမထွက်လာတာပင်။ ဘာပဲပြောပြော တစ်ခုခုဆို Roshan သာလျှင် မိမိအနားအမြဲရှိနေပေးတတ်သည်။
"ဟိုအခန်းထဲက Bing ကိုလဲ တွေ့သွားလောက်ပြီပေါ့"
"ဟုတ်တယ် .... ခုတော့ ဒီမှာပဲနေ ရေခဲသေတ္တာ ထဲလဲ ရိက္ခာအစုံထည့်ထားတယ်။ ကုန်လောက်ရင်ထက်လာခဲ့မယ်။ ငါလဲ ခဏခဏထွက်ရင် သူတို့မမြင်ဘူးလို့ မပြောနိုင်ဘူး။""အင်းပါ....ကျေးဇူး အရာရာတိုင်းအတွက်"
"မလိုဘူး။ မင်းသာ လွတ်အောင်နေ ဒါပဲ...ငါသွားတော့မယ်"
YOU ARE READING
Near the love (Complete)
ActionUni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်...