"ရိပေါ် နဲ့ ရှုချန်....ကျောင်းက ၁၅ ရက်တောင် ပိတ်တော့မှာတဲ့"
"ဆောအာ...စကားဝေ့ပတ်မနေနဲ့ ကျောင်းပိတ်တာဘာဖြစ်လဲပြော"
ကန်တင်းမှာ ထိုင်နေရင်း ဆောအာစကားလမ်းကြောင်းဖောက်နေတာ ရှုချန် မသိတာခက်လို့။
"ဒီလိုပါ....ငါတို့ပျော်ပွဲစားခရီးတစ်ခု ထွက်ရအောင်"
ပျော်ပွဲစားဆိုတဲ့ အသံကြားမှ ကျန်တဲ့သူတွေရဲ့ အာရုံက သူဆီရောက်လာတော့တယ်။
"ဘယ်နေရာကိုလဲ"
"ငါ့အဖွားရွာက အတော်သာယာတယ်လို့ အမေပြောပြတာကြားဖူးတယ် ၊ ငါကမြို့မှာကြီးတော့ ရွာတော့ တခါမှ မရောက်ဖူးဘူး ဒါပေမယ့် အဲ့မှာလည်းအမျိုးတွေရှိတယ်။"
ရင်းဟွာ ဆောအာ စကား စဥ်းစားကြည့်တော့တကယ်ပျော်ပွဲစားထွက်ရင် ကောင်းတယ် အဲ့လိုမှမဟုတ်ရင် ၁၅ ရက်လုံးက ပျင်းစရာနေ့တွေကြည့်ဖြစ်နေမှာ။
"သိပ်ကောင်းတယ်....ငါလည်းခရီးလေးထွက်ဖူးချင်တယ်"
"ဒီအစီအစဥ်က ငါနဲ့ ယွင်မေတိုင်ပင်ထားတာ ငါတို့၂ယောက်ကသွားမှာ အခုရင်းဟွာက ထောက်ခံတယ် နင်တို့၂ယောက်ကရော"
ရိပေါ်လည်း ၁၅ ရက်လုံးအိမ်မှာနေပြီး ပျင်းနေရမှာ ပါးပါးကလည်းအမြဲ companyသွားနေရတော့ သူသာတစ်ယောက်အိမ်ကျန်နေခဲ့ရမှာထက် ခရီးထွက်တာ ပိုကာင်းသလိုပင်။
"ok...ငါလည်းလိုက်မယ်"
"ရိပေါ်ပါလိုက်တော့....ငါလည်းလိုက်မယ်ဆောအာ"
"ရေးးငါတို့၅ယောက်တစ်စု ပထမဆုံးခရီးထွက်ရတော့မယ်....ဒါနဲ့ အဲ့ခရီးသွားဖို့ ပိုပျော်ဖို့ကောင်းတဲ့အစီအစဥ်ရှိတယ် "
"ဘာလဲ"
ယွင်မေကလွဲရင် ကျန်တဲ့သူတွေက အစီအစဥ်ကို သိချင်နေသည်မှာ မျက်နှာတွေမှာပင် ထက်ဟပ်နေသည်။ ဆောအာ ကြိတ်ပြုံးလိုက်ရင်း...
"ဒီလိုကွ...အခု game တစ်ပွဲဆော့မယ်...ကြိုက်တာလုပ်ခိုင်းကြေး ၊ ကိုယ်လုပ်ရမယ့် တာဝန်က အောင်မြင်ရင် ကိစ္စမရှိပေမယ့် ရှုုံးနှိမ့်တဲ့သူက အဲ့ခရီး ၁၅ ရက်လုံး ပေးတဲ့ ပြစ်ဒဏ်ခံရမှာ"
YOU ARE READING
အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»
Fanfictionအလှလေးဝမ်က မုန်လာဥကြီးနဲ့....ဟင့် Zawgyi အလွေလးဝမ္က မုန်လာဥကြီးနဲ့...ဟင့်