"သား....ပြန်ရောက်ပြီလား၊ လာဝင်ခဲ့ အထဲမှာ ပါးပါး သူငယ်ချင်းရောက်နေတယ်"
ရိပေါ် ကျန့်ကောနဲ့အတူ ကားပေါ်ကဆင်းဆင်းချင်း ပါးပါးကအိမ်ပေါက်ကနေစကားလှမ်းပြောတော့ ရိပေါ် ကျန့်ကော လက်ကိုဆုတ်ကိုင်ကာ အိမ်ထဲဝင်သွားသည်။
"ကောင်းရွိ....ဒါ ကိုယ့်သားလေ"
ဝမ်ဟောက်ကအိမ်ထဲဝင်လာရင်း မိတ်ဆက်ပေးလာတာကြောင့် ကောင်းရွိ ကြည့်လိုက်တော့ ဆံပင်ရွှေဝါရောင်နဲ့ဒီကလေးကို သူမြင်ဖူးပါတယ်။နေပါအုံး ဒါနဲ့ သူ့ဘေးကမျက်လုံးပြူးနဲ့ရပ်နေတဲ့ ယုန်သွားခေါကိုလည်း မြင်ဖူးပါတယ် ။
ရှောင်းကျန့် ဝမ်လေး လက်ဆွဲရာနောက်သာကပ်လိုက်ရသည်။အိမ်ထဲဝင်တော့ ဝမ်ပါးမိတ်ဆက်ပေးလာတဲ့ သူက ရွာက သူ့ဦးလေးနဲ့ ချွတ်စွပ်တူလိုက်တာ။ ဒါနဲ့ ဝမ်ပါးခေါ်လိုက်တာ ကောင်းရွိတဲ့ အော်...အဲ့ဒါကြောင့် ပြောတာ လူတူမရှား နာမည်တူမရှားဆိုတာ။ ရှောင်းကျန့် အတွေးလွန်နေရင်း ကောင်းရွိဆိုတဲ့ဦးလေးကြီးက မျက်နှာကြီးနီမြန်းကာ သူ့တို့ဘေးကနေဖြတ်ပြီး အပြင်ထွက်သွားသည်။ဝမ်ပါးကလည်း နောက်ကလိုက်သွားသည်။ဘာဖြစ်တာပါလိမ့်....
"ရှောင်း...ကျန့်!!!!!!!!!!!!!!
ရှောင်းကျန့်ကသာတွေးပြီး အပေါ်ပြန်တက်မလို့ကို ဝမ်လေးက သူ့လက်ကို ကိုင်ပြီး တောင့်တောင့်ကြီးရပ်နေတယ် ။ ရှောင်းကျန့် ဝမ်လေးကိုဆွဲလှုပ်နေတုန်း သူ့နာမည်ကို နားကွဲအောင် အော်လာတဲ့အသံကြောင့် ပြန်လှည့်ကြည့်မိလိုက်သည်။ သူ့နာမည် ခေါ်တဲ့သူက ခုနကမျက်နှာကြီးနီကာအပြင်ထွက်သွားတဲ့ သူဦးလေးနဲ့တူတဲ့သူဖြစ်နေတယ် လက်တစ်ဖက်ကလည်း ဝါးခြမ်းပြားလို တုတ်အရှည်ကြီး ကိုင်ထားပြီး သူ့အနားကို ဒေါသတကြီးလာနေတာလား။
ဖြောင်းးးးး!!!
အားးးးး!!!!
ရှောင်းကျန့် သူဖင်အရိုက်ခံလိုက်ရတာပဲ သူဘာလုပ်လို့လဲ ။ဖင်ကို ပွတ်ကာ ဝမ်လေးအနောက်အမြန်ကပ်လိုက်သည်။
"သားမိုက်....လင်နောက်လိုက်တာ ဒီ ဦးလေးကို စာ တစ်စောင်နဲ့ပစ်ထားခဲ့တာလား"
YOU ARE READING
အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»
Fanfictionအလှလေးဝမ်က မုန်လာဥကြီးနဲ့....ဟင့် Zawgyi အလွေလးဝမ္က မုန်လာဥကြီးနဲ့...ဟင့်