"ဒါက....ဘယ်သွားအုံးမလို့လဲ"
ရိပေါ် မနေ့ကကြမ်းရမ်းလိုက်တာ ကျန့်ကော လမ်းတောင်မလျှောက်နိုင်တော့လို့ ရိပေါ် ချီပြီး လိုက်ပို့ခဲ့ရတယ်။သူလိုပုံက ချီလာတော့ ရွာထဲကလူတွေက ကွက်ကြည့်ကွက်ကြည့် ကြည့်နေလဲ ဂရုမစိုက်ပါဘူး။ အဖွားကျန်းကပါ သူယောကျာ်းလေးဆိုတာ သိသွားခဲ့တော့ ရိပေါ် အကြိုက်ပေါ့ ဘာလို့လည်းဆိုတော့ အခု ကျန့်ကောအိမ်မှာ ရှုချန်နဲ့အတူ လာနေလို့ရပြီလေ။ရိပေါ် အဖွားအိမ်ကနေ အထုပ်တွေသယ်ပြီး လာမယ်ဆိုတာသိရဲ့နဲ့ ထွက်တောင်မကြိုပဲ ပတ်ပုန်းနေတဲ့သူကို ရိပေါ် အထုပ်တွေကို ရှုချန်အခန်းထဲ ထားခဲ့ကာကျန့်ကော အခန်းထဲဝင်လာတော့ သူ့ကိုမြင်တာနဲ့ ထပြေးမယ်ကြံနေတဲ့ ကျန့်ကောကို ရိပေါ်ဂုတ်ကအင်္ကျီကနေ ဆွဲထားလိုက်သည်။
"ဖယ်.....လွှတ်"
ရိပေါ် သူဆွဲထားတော့ ခြေကားယားလက်ကားယားနဲ့ ကုန်းကုန်းကွကွဖြစ်နေတာတောင် သူ့ကိုကလန်ကဆန်ပြောနေသေးတယ်။
"ကိုယ့်ဇနီးလေးက....ယောကျာ်းလာတာတောင် ထွက်မကြိုဘူးလား"
"ဘောကို ဇနီးလား....လူလိမ်ကောင်...ဖယ်...လွှတ်"
"ရှောင်ထွက်မပြေးရင်...လွှတ်ပေးမယ်"
ရှောင်းကျန့် မနေ့ကတော်သေးတယ် သူလီလီပန်းခင်းထဲ အသက်ပျောက်တော့မလို့၊ ငါဘယ်လိုများ ဒီဝက်လိုခန္ဓာကိုယ်ကို အလှလေးလို့ထင်မိခဲ့တာ ကိုယ့်ကိုကိုယ် ပါးပြန်ရိုက်ချင်တယ်။မနေ့က ကိစ္စကိုတောင် ဒေါသမပြေသေးတာ အခုအိမ်ထိပါရောက်လာပြန်ပြီ။ရှောင်းကျန့် ရိပေါ်ကို မျက်စောင်းထိုးကြည့်လိုက်ရင်း....
"လွှတ်...မပြေးဘူး"
အာ့!
ရိပေါ် လွှတ်ပေးလိုက်တာနဲ့ပြေးဖို့လုပ်နေတဲ့ ကျန့်ကောကို ခါးကနေ ဆွဲပွေ့ကာ ကုတင်ပေါ်တင်ပြီး ရိပေါ် အပေါ်ကနေ အုပ်မိုးပစ်လိုက်သည်။
"ဖယ်ကွာ...ရိပေါ်ရာ သေမလို့ပစ်တင်လိုက်တာလား သူ့မခံရတိုင်း"
"ကိုယ့်ယောကျာ်းကို....ချစ်တယ်လို့မပြောတော့ဘူးလား"
ရှောင်းကျန့် ရိပေါ် ကိုမျက်စောင်းထိုးကြည့်ပြီး ခေါင်းကိုတစ်ဖက်စောင်းလွဲထားလိုက်သည်။
YOU ARE READING
အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»
Fanfictionအလှလေးဝမ်က မုန်လာဥကြီးနဲ့....ဟင့် Zawgyi အလွေလးဝမ္က မုန်လာဥကြီးနဲ့...ဟင့်