Part_10.

3.7K 371 30
                                    

ရှောင်းကျန့် အဲ့နေ့က ကိစ္စဖြစ်ပြီးကတည်းက ဝမ်လေးကို အဲ့မဟုတ်ဘူး ဝက်ကြီး ကိုရှောင်နေလိုက်သည်။ဆောအာတို့မိန်းကလေးအဖွဲ့နဲ့ သူ့သူငယ်ချင်းတွေကအစ သူ့ကိုလာရှာပေမယ့် ရှောင်းကျန့် ရှောင်ပုန်းနေခဲ့တယ် သူတို့လာခေါ်တိုင်းလိုက်စရာလား ခေါ်စေချင်သူကမလာပဲ တခြားသူတွေက လာတယ်သေတောင်မလိုက်သလို စကားလည်းမပြောဘူး။ ဒီရက်တွေမှာလည်း သူစဥ်းစားကြည့်ပေမယ့် အဖြေတော့အတိအကျမထွက် အိမ်မှာနေတဲ့ ရှုချန်ဆိုတဲ့တစ်ယောက်ကလည်း ဘာဖြစ်ကြတာလဲသူ့ကိုတွေ့တိုင်း ခနခနမေးနေပေမယ့် သူမပြောပြဖြစ်ခဲ့ဘူး။

ပြောပြစရာလား ကိုယ်ခံလာရတဲ့ဟာကို ခံလည်းခံရသေး နှုတ်ပိတ်စကားကပြောသွားသေး မတရားဘူး.... မတရားဘူး။ ရှောင်းကျန့် အခန်းထဲက ကုတင်ပေါ်မှာပင် ခြေဆင်းထိုင်ကာ ​ခေါင်းအုံးကိုထုရင်း မတရားမှုကိုစိတ်ထဲကနေ အော်ဟစ်နေလိုက်သည်။လွန်ခဲ့တဲ့ တစ်ပတ်ကအဖြစ် အပျက်ပြန်တွေးမိတော့ လူကအလိုလိုစောင်ကိုခေါင်းထိလုံအောင်ခြုံကာ အိပ်ရာပေါ် ပစ်လှဲချပလိုက်သည်။

flash back....

"ဖယ်...လွှတ် ငါ့ရဲ့အလှလေးဝမ်လေးလည်းမဟုတ်ဘူး "

"အီးးး....အင့်...မုန်လာဥကြီးနဲ့..အီးးး"

ကျန့်ကောကို အုပ်မိုးထားလိုက်တော့ သူ့အောက်ကနေ သူ့ရင်ဘက်ကိုထုရိုက်ကာ သူ့ရဲ့အောက်ပိုင်းကိုလည်း လက်ညိုးထိုးငိုနေတော့ ရိပေါ်ရယ်ရခက် ငိုရခက်။

"တိတ်...အခုတိတ်တော့...ကျနော် ပြောပြခဲ့တယ်လေ၊ ယောကျာ်းလေးပါလို့ အခုမှ ဘာလို့ငိုနေတာလဲ"

"အီးးး...အင့်...သူလည်းမှားသေးတယ်...သူများကိုအော်နေတာလား၊ ဘယ်တုန်းကပြောတာလဲ ကြားမှမကြားလိုက်တာ"

"ကဲ....အခု ကျနော် ယောကျာ်းလေးမှန်းသိပြီမလား "

"သိပြီမို့ အခုဖယ်တော့ အပေါ်ကနေ မုန်လာဥကြီး တစ်ထောင်ထာင်နဲ့ ကြည့်မရဘူး "

"ဖယ်ပေးမယ်....ကျနော့်ကို ချစ်တယ်လို့ပြန်ပြောပေးအုံး"

"ဟင့်အင်....ချစ်တော့ဘူး ကောက မြို့သူဝမ်လေးကိုချစ်တာ"

 အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»Where stories live. Discover now