Part_27.

1.9K 215 12
                                    

"မမ...နင်ဘယ်လိုဖြစ်တာလဲဟာ"

အင့်...ဟင့်..အင့်..

ကောင်းရွိ ရွာမရောက်တာကြာတာနဲ့ သူအမဗိုက်က လရင့်နေပြီ အမယောကျာ်းက ကုန်သည်မို့လို့ တစ်ရွာတစ်ကျေးသွားပြီး ကုန်းရောင်းသွားတာ ပြန်မလာတာ တစ်လနီးပါးရှိပြီတဲ့ ၊ သူ့အမ ဗိုက်ကမွေးဖွားတော့မှာကို အမှန်ဆို ကောင်းရွိရွာကို ခနဆိုပြီး လာခဲ့တာ။

"မမ မငိုနဲ့တော့...ကလေးလည်းရှိသေးတယ်မလား ၊ မမ ယောကျာ်းပြန်လာမှာပါ"

"မောင်လေး...သူဘယ်တုန်းကမှ မမ ကို ဒီလောက်အကြာကြီးမထားသွားဖူးဘူး"

ကောင်းရွိ သူ့အမကိုဖတ်ထားလိုက်သည်။ ဘယ်လိုနှစ်သိပ့်ပေးရမှန်းမသိပါ။

___________________________

အခုဆို ကောင်းရွိ ရွာကိုရောက်နေတာ ၃လပင်ရှိပြီ ၊ မမ ယောကျာ်း သတင်းကို သူလည်း စုံစမ်းပေမယ့် ဘာသတင်းအစအနမှ မကြားခဲ့ပေ။ ဗိုက်ကြီးတကားကားနဲ့ အမက သူရှိနေလို့သာ အဆင်ပြေနေခဲ့သည်။ကောင်းရွိ လယ်ကွင်းစိမ်းစိမ်းတွေဘက် မျက်နှာမူကာ ကြည့်လိုက်သည် ။ ငါ မင်းကိုသိပ်လွမ်းတာပဲ ဝမ်ဟောက်...

ကောင်းရွိ!!ကောင်းရွိ!!

ကောင်းရွိ ရွာထဲလမ်းလျှောက် ထွက်နေရင်း ရွာသား တစ်ဟောက်ရဲ့ အော်ခေါ်သံကြောင့် လှည့်ကြည့်တော့ သူ့ဆီကိုအမောတကော ပြေးလာနေတဲ့သူ။

"ကောင်းရွိ ဘာကြောင်ရပ်နေတာလဲ မင်းအမ ချူးမေဗိုက်နာနေပြီတဲ့...

ရွာသားတစ်ယောက်ရဲ့ စကားဆုံးအောင်တောင် နားမထောင်တော့ပဲ အိမ်ကိုသာ ပြေးရသည်။ အိမ်ရောက်တော့ အိမ်နီးနားချင်း အဒေါ်ကြီးတွေက လက်သည်ခေါ်ကာ သူ့အမအတွက်လုပ်ပေးနေတာကြောင့် ကောင်းရွိ အိမ်ရှေ့မှာသာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေ ရသည်။

အယ့်...အူဝဲ!!!...

"မွေးပြီဟေ့...မွေးပြီဟ...ယောကျာ်းလေး"

အိမ်ထဲက ကလေးငိုသန်နဲ့အတူ လက်သည်အဒေါ်ကြီးရဲ့ စကားကို ကြားလိုက်ရတာကြောင့် ကောင်းရွိသူ့တူလေးကို သိပ်တွေ့ချင်နေသည်။

 အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»Where stories live. Discover now