Part_20.

2.7K 264 2
                                    

"ဝမ်လေး...ဒါဘာလဲဟင်"

ရှောင်းကျန့် ပန်းခြံထဲက လီလီ ပန်းခင်းရှေ့ ခုံတန်းလျားပေါ်ထိုင်ရင်း မုန့်ဝယ်ထွက်သွားတဲ့ ဝမ်လေးကိုစောင့်နေလိုက်သည်။မကြာပါပြန်ရောက်လာတဲ့ ဝမ်လေးက  သူ့မျက်နှာရှေ့ ထိုးပေးတဲ့ ခွက်ကလေးနဲ့အရာကိုမသိလို့မေးလိုက်ခြင်းပင်။

"ice-cream လေကောရဲ့ စားကြည့်ပါအုံး"

ခွက်လေးထဲမှာ ဇွန်းလေးလည်းပါသလို မြင်ယုံနဲ့ စားချင်စရာလေးမို့ အကြီးကြီးကလော်ယူကာ ပါးစပ်ထဲထည့်လိုက်သည် ။

"အာ့..အာ့ ... အေးတာ"

ကျန့်ကောက အေးကျင်နေတဲ့ရေခဲမုန့်ကို အကြီးကြီးကလော်ယူပြီး ပါးစပ်ထဲအပြည့်ထည့်ပြီးမှ ပြန်ထုတ်ရမလို မြိုချရမလို ဖြစ်နေတဲ့ပုံလေးကို ဘာလေးမှန်းကို မသိ။

"အွန့်..!!အွန့်"

"ကျန့်ကော...ထွေးမထုတ်နဲ့ မြိုချလေ"

"အင့်ဟာ...ဖြောင်းးး"

ရှောင်းကျန့် အေးကျင်နေတဲ့ ရေခဲမုန့်ကို မနဲမြိုချလိုက်ရတယ်။ အစောကြီးကတည်းက အရမ်အေးတယ်ဆိုတာ ကြိုမပြောတဲ့ဝမ်လေး လက်မောင်းကို ရှောင်းကျန့် ရိုက်ချလိုက်ရသည်။

"ကျန့်ကော ဘာလို့ ကျနော့်ကို ရိုက်တာလဲ"

"ဟွန့်...အေးတာကို မပြောလို့လေ"

"အေးပေမယ့်..စားမကောင်းဘူးလားပြော"

"ပါးစပ်ထဲအေးတာပဲ...သိတယ် အရသာတောင်မသိလိုက်ဘူး"

"အင်းပါ...ကျနော့် ခွံကျွေးမယ်နော်"

ရိပေါ် ကျန့်ကော လက်ထဲကရေခဲမုန့်ခွက်ကိုယူလာလိုက်ကာ ဇွန်းဖျားလေးနဲ့ ကလော်ယူပြီး ခွံကျွေးလိုက်သည်။ အခုမှ အရသာသိတယ်ထင်ပါရဲ့ လျှာလေးသပ်ကာသပ်ကာ စားနေတာလေးက သူ့ကိုမြူဆွယ်နေသလားတောင် အောက်မေ့ရပါတယ်။

"ကျန့်ကော ကြိုက်လား"

"အွန်း...ကြိုက်တယ် စသော်ဘယ်ရီလိုပဲ"

ရိပေါ် ကျန့်ကောကို ကုန်သည်အထိ ခွံကျွေးကာ ပန်းခြံကနေ ထွက်လာခဲ့သည်။အမှန်တော့ ဒီနေ့က သူတို့၂ယောက် ပထမဆုံး Date တဲ့နေ့လေးပေါ့ ။

 အလှလေးဝမ်...«ᶜᵒᵐᵖˡᵉᵗᵉ»Donde viven las historias. Descúbrelo ahora