CN-9🌹

234 38 0
                                    


အကြင်နာတွေ အထပ်ထပ် ကာဆီနေသော ချစ်ခြင်းမေတ္တာဟာ
နေစွဲ့တွေ အဆင့်ဆင့် ဖြတ်ကျော်ပြီး
ကြွေလွှင့်သွားခဲ့မယ်ဆိုရင်
ဝတ်ဆံမျှင် တစ်မျှင် လို့ ညို့ညို့နွမ်းနွမ်း ကျန်ခဲ့အုံးမှာပါ

Chae: : ဒီနေ့ရာလေးကလည် ကျမ မိဘတွေကို နောက်ဆုံးတွေ့ခွင့်ရတဲ့နေရာပေါ့

တောင်ပတ်လည် ဝံရံထားတဲ့ အလယ်က ချိုင့်ဝှမ်းကြီးပမာ ချောက်နက်ကြီးတစ်ခု
ဘေးစွန့်လေးမှာ တင်ကျန်ရစ်တဲ့ သစ်ပင်အိုကြီးက
သူမ နားခိုဖို့ရာ အေးရိပ်ပေးပါသတဲ့
သူမ နဲ့ တစ်ဖက်စောင့်လေးမှာ ကိုယ်ရှိနေတယ်
ဒါပေမယ့် ညည်းသံတစ်ခု ခြားနားချက်က သူမ နဲ့ကိုယ် ဟာ
တစ်နေရာဆီမှာ တမ်းတခြင်းတစ်ခုကို
အသက်သွင်းနေရသလို့

Chae: : ကျမ အရမ်းငယ်သေးတယ် အရမ်းကြီး မဟုတ်ဘူး..... မရင့်ကျက်သေးတဲ့ အချိန်တုန်းကပေါ့

စကားမပြောချင်လို့ တိတ်ဆိတ်နေတာမဟုတ်ရပါဘူး
ဝမ်းနည်းကြေကွဲဖွယ် ပုံပြင်တစ်ပုဒ်ကို
နားဆင်ရင်း
ရင်ထဲ က စကားလုံးတွေကို
ခပ်ဆိုးဆိုး ပိတ်လှောင်ထားခြင်းခံရတာပါ

Chae: : ကျမ ပြောနေတာတွေ ရှင့်ကို ပျင်းစေပြီလာ မသိဘူ.


ဝမ်းနည်းရိပ်တွေနဲ့ အပြုံးတစ်ချက်က
ကိုယ်ဆီ အပြေးလေး
လှမ်းလာတယ်
ကြည်ပြာရောင် မျက်လုံးဝိုင်းစက်စက်မှာ ရစ်ဖွဲ့လေသော မျက်ရည်စက်ကလေးကိုလည်း
ကို မြတ်နိုးရပါတယ်

Jen: : မပျင်းပါဘူး ကိုယ်ခံစားရလို့ တိတ်ဆိတ်နေခဲ့တာပါ

Chae: : ဒါက အဲ့လောက်ထိ ဆိုးမှန်းမသိခဲ့ဘူ.

Jen: : လေပြေတွေဆီက သယ်ဆောင်လာတဲ့ ဒီလွမ်းဆွေခြင်းတွေကို ထပ်ပြီ လက်မခံတော့ဖို့ တိုက်တွန်းချင်မိတယ်

Chae: : မဟုတ်ရပါဘူး ကျမ ကိုယ်တိုင်က လက်ကမ်းပေးလိုက်တာပါ

Jen: : ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ကို ခံစားချက်တွေ သိပ်ပေးတာပဲ.

Chae: : အဲ့လို့ဖြစ်သွားလာ Sorry ကောင်းတာလေးတစ်ခု ဖြစ်ခဲ့ရင် ကျမ ကျေနပ်မိမှာ

To The Little BirdWhere stories live. Discover now