remember

2.4K 292 16
                                    

"ကင်မ်ဆော့ဂျင်
မင်းဘာလို့အာ့‌ေလာက်ကြာနေရတာလဲ!!"

သည်းထန်စွာရွာနေခဲ့တဲ့ မိုးတွေထဲ
Deliပို့ပြီးဆိုင်ထဲပြန်လာတဲ့သူကို ဆိုင်ရှင်ဖြစ်သူက ဆီးကြိုကာ ငေါက်ငမ်းသည်။

"အရှေ့မှာ ဝယ်သူတွေရှိနေတယ် မမြင်ဘူးလား ဟမ်!!"

သူရေစိုနေတဲ့အကျီတွေကို လဲဖို့အခွင့်မသာတော့တာမို့ ထိုအတိုင်းပင် orderကောက်ရတော့သည်။ အပြင်မှာမိုးသည်းထန်နေသည်မို့ မိုးခိုရန်ဝင်လာကြသူကများနေတာမို့
သူတို့ဆိုင်လေးမှာ ခုံနေရာပင်မဆံ့တော့။

"မင်းအကျီက ကျတဲ့ရေတွေကြောင့်
customerတွေ ချော်လဲကုန်တော့မယ်
သုတ်တံယူပြီး မြန်မြန်သုတ်စမ်း!!"

Cashierမှ မထဘဲ သူကိုတခုပြီးတခု ဟိန်းဟောက်နေသော ဆိုင်ရှင်ဝတုတ်ကို ကြည့်မရပေမယ့် ခေါင်းသာငြိမ့်ပြရင်း ရေသုတ်တံလေးကိုသာ အပြေးသွားယူလိုက်သည်။

~ချလွမ်း~~~

ဆိုင်တံခါးထက်က ခေါင်းလောင်း အသံလေးနဲ့အတူ သည်းထန်နေတဲ့လေသံ၊မိုးသံတွေပါ
ကြားခဲ့ရလို customer တယောက်ဆိုင်ထဲ
ရောက်ရှိလာခဲ့ကြောင်း သိရှိလိုက်ရသည်။

"ကြိုဆိုပါတယ် ဧည်သည်
စားပွဲဝိုင်းနေရာ မရှိသေးလို ဒီဘက်ကခုံလေး
မှာသည်းခံပြီး ထိုင်ပေးပါနော် ''

သုတ်တံ၌သာ အာရုံစိုက်နေသည်မို့ ထို customer၏ shoeအရောင်ကိုသာ မြင်လိုက်ရသည်။

ဟူးးး ဆိုင်တံခါး ပြန်မပိတ်ပေးခဲ့ဘူးပဲ!!

လေသံတွေနဲ့အတူ ဆိုင်ထဲထိပါ လွင်စင်လာတဲ့ မိုးစက်တွေကြောင့်  သက်ပြင်းသာချရင်း
ဆိုင်တံခါးသေချာအောင်ပြန်ပိတ်ဖို့ ပြင်ရသည်။

"အမေ့!!!"

ဆိုင်တံခါးလေးကိုပိတ်ပြီး ပြန်အလှည့် မာတောင့်တောင့် အရာတခုနဲ့ တိုက်မိသွားလို
လူကအနောက်ကိုပင် ယိုင်သွားရသည်။
အို!! သူတိုက်မိတာ နံရံတခုအလား ထင်ရတဲ့
ထိုလူသားရဲ့ ရင်အုပ်ကျယ်ကျယ်တွေပဲ။

"တောင်းပန်ပါတယ် ဧည်သည်!!"

ကိုယ့်ဘက်ကမှားမှား မှန်မှန် တောင်းပန်ရမည့် ဝတ္တရားကြောင့် ခါးလေးညွှန်မိတော့
ထိုလူသား နှုတ်ခမ်းတွေကော့တက်သွားသည်။

N o E x i t☑️CompletedМесто, где живут истории. Откройте их для себя