( our first day or honeymoon)

6.3K 421 7
                                    

အမိုးဖွင့်ထားသော သူတို့ရဲ့  မဂ်လာကားလေးဟာ  နေကြာစိုက်ခင်းတွေရှိရာ လမ်းမထက်မှအရှိန်မှန်မှန်ဖြင့်ဖြတ်မောင်းနေခဲ့သည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အမိုးဖွင့်ထားသော သူတို့ရဲ့  မဂ်လာ
ကားလေးဟာ  နေကြာစိုက်ခင်းတွေရှိရာ လမ်းမထက်မှအရှိန်မှန်မှန်ဖြင့်ဖြတ်မောင်းနေခဲ့သည်။

ဆံသားတွေ လွှင့်နေသည်အထိ လေပြေတွေရဲ့ တိုက်ခတ်မူကို အားမရလို
လက်ချောင်းလေးတွေကိုပါ အပြင်ဘက်သို့ထုတ်သည်။

အေးမြလှတဲ့လေပြေလေးတွေကြား သူကိုယ်လေး လွှင်မြောသွားသလို ခံစားရ‌ေနမူကိုသဘောကျနေပေမယ့်
ဂုဏ်ပြုဝိုင်တချို့ကြောင့်လူကမူးရိပ်မူးရိပ်တော့ဖြစ်လာခဲ့သည်။

ထိုအချိန်ပေါင်ပေါ်တင်ထားသည့် လက်တဖက်ကို ကားမောင်းနှင်နေသော သူက
ဆုပ်ကိုင်လာသလို
ရီဝေဝေဖြစ်နေတဲ့သူကို
အချိုသာဆုံးအပြုံးများဖြင့်လည်းပြုံးပြလာခဲ့သေးသည်။

သူသဘောကျပါသည်။

‌တည်ကြည်ခန့်ညားလွန်းတဲ့ထိုလူသားရဲ့
နှုတ်ခမ်းသားတွေကော့တက်သွားသည်အထိ
ပြုံးပြတက်တဲ့ အပြုံးကို။
ပြီးတော့ ထိုနှုတ်ခမ်းအောက်က မှဲ့နက်နက်လေးကို..။

"ခန မှေးနေလိုက် ဘေဘီ
မကြာခင် ကိုယ်တို့ ကမ္ဘာလေးဆီရောက်တော့မှာ''


သူ့ စကားအတိုင်း မျက်လုံးတွေကိုမှိတ်ချကာ ခေါင်းလေးကို မှီချလိုက်ရင်း လိုက်ပါလာတုန်း ဆားငွေ့ပါသော လေတွေကို ခံစားမိလိုက်လို  မျက်လုံးတွေ အရောင်တောက်ပသွားမိသည်။


သူတို့ပင်လယ်နား ရောက်တော့မှာလား?

မကြာပါသူတို့ကားလေးဟာ
ပင်လယ်ကိုလှမ်းမြင်နေရတဲ့တောင်စောင်းနမှာဆောက်လုပ်ထားသော  ရှေးဟောင်းဆန်သည့်ဘန်ဂလို တခုဆီသို့ရောက်လာခဲ့သည်။
ဝင်လုဆဲဆဲ နေမင်းကြီးရယ် ထိုဂန်ဂလိုကြီးရယ်က
ပန်းချီကားတချက်လိုပင်။

N o E x i t☑️CompletedDonde viven las historias. Descúbrelo ahora