who they?

2.1K 274 14
                                    

ဒီနေ့ည ၁၂ကျော်ရင်
လူကြီးရဲ့မွေးနေ့ရောက်ပြီမို့ အံ့ဩသွားစေချင်သည်စိတ်လေးဖြင့် လူကြီးကိုအကြောင်းမကြားဘဲလူကြီးတို့ရဲ့ j pharmacy company limited သို့ရောက်လာခဲ့သည်။

ဒါဟာ လူကြီးပိုင်တဲ့ companyတွေထဲက
ပိုင်ဆိုင်မူတခုတဲ့လေ။
ကျတော်ရဲ့လူကြီးက ပိုင်ဆိုင်မူတွေများသလို
အချစ်တွေလည်းသိပ်များတာ ကျတော်တယောက်ထဲအပေါ်မှာပေါ့။အဟိ!!

သူအတွေးတွေနဲ့အတူ ကြည်နူးနေမိသလို
လူကြီးအတွက် သူကိုယ်တိုင်ပြုလုပ်လာခဲ့တဲ့
ကိတ်မုန့်လေးကို မြှောက်ကြည့်ရင်း သဘောကျနေမိတုန်း
Companyထဲမှ အလျင်အမြန်ထွက်လာသော
လူကြီးကိုတွေ့လိုက်ရသညါ။

ဒါကြောင့် သူလှမ်းခေါ်မည်ပြင်တုန်း။

"မစ္စတာလီ !! ကျေးဇူပြုပြီး
နားထောင်ပါအုန်း !!"

လူကြီးက အရှေ့မှ ခပ်သွက်သွက်သွားနေသော အသက်ကြီးကြီးအမျိုးသားတဦးရဲ့ရှေ့ပိတ်ရပ်ရင်း ရိုကျိုးစွာပြောလာခဲ့ပေမယ့်

"Ceojeon အထဲမှာပြောခဲ့တဲ့စကားတွေကို
ထပ်မပြောခိုင်းပါနဲ့တော့ ~~ "

"မစ္စတာလီ ကျတော်ဒီဆေးအတွက်
ဘယ်လောက်ဒုက္ခခံခဲ့ရလဲဆိုတာ ကျတော်အသိဆုံးပါ ။ ဒါကြောင့် လက်မလျော့နိုင်ဘူး"

"အာတာက စီအီးအိုသဘောပါ
ကျတော်အနေနဲ့တော့
ဘေးထွက်ဆိုးကျိုးများနေတဲ့
ဆေးဝါးကို FDAမထုတ်ပေးနိုင်သလို
အားပေးအားမြှောက်လဲမလုပ်နိုင်ဘူး
ဒါကြောင့် ခွင့်ပြုပါအုန်း!!"

"မစ္စတာလီ!!"

"ကိုယ်ရေးကိုယ်တာခင်မင်ရင်းနှီးမူကို
လုပ်ငန်းခွင်မှာ မရောနှောစေချင်ဘူး
စီအီးအိုဂျောင်ကု!!

ဦးလေးတယောက်အနေနဲ့
စိတ်ဓာတ်မကျဘဲ ထပ်ပြီးကြိုးစားပါလို
အားပေးစကားပြောချင်သလို~~
ကျန်းမာရေးဝန်ကြီးတယောက်အနေနဲ့ နမူနာအဖြစ်ထုတ်လုပ်ထားတဲ့ဆေးဝါးတွေကိုပါ
ဖျက်ဆီးပြစ်ပေးဖိုါသတိ‌ေပးတောင်းဆိုပါရစေ"

စကားဆုံးသည်နျင့်
အသင့်ရပ်လာပေးတဲ့ကားထဲဝင်သွားတဲ့
လူကြောင့်
လူကြီးဟာ ဆံပင်တွေကိုဆွဲဖွခဲ့သလို လက်ထဲကဖိုင်တွဲတွေကိုလဲ ဒေါသတကြီးလွှတ်ပြစ်လိုက်သည်။

N o E x i t☑️CompletedWhere stories live. Discover now