afraid

3.2K 364 27
                                    


ထိတ်လန့်မူကြောင့် ခြေဖျား လက်ဖျားများ
အေးစက်လာသလို  ခြေထောက်တွေလဲမခိုင်တော့ဘဲ ထိုအခန်းထဲမှ ပြေးထွက်လာသည်က အတွန်းတွန်း အတိုက်တိုက်။

"အမေ့  အဟင့် အဟင့်  '"

အိပ်ခန်းအတွင်းသို့ဝင်လာကာ တံခါးကိုလော့ချရင်း တံခါးနှင့်ကျောကို ကပ်ထားမိလိုက်သည်။

•••••7:20pm

ကြောက်ရွံမူကြောင့် မောဟိုက်နေသောစိတ်ကိုတည်ငြိမ် အောင်ထိန်း ပြီးမှ
*မမဂျင်ဂျူ *ဆိုသောဖုန်းနပါတ်လေးကိုခေါ်ပေမယ့် အချည်းအနှီးသာ။

ဒါကြောင့် ဧည်ခန်းက ကြိုးဖုန်းကို ဖျတ်ကနဲသတိရသွားရင်း အတုန်တုန်ရီဖြင့် အခန်းထဲက ထွက်လာခဲ့ပေမယ့်  ထိုကြိုးဖုန်းကလည်း
အသုံးမဝင်ပြန်လို ဒူးတွေ
ပျော့ခွေကျသွားရသည်။

ဤအချိန်မှသူတွေ့သွားသည်က ဖုန်းတွင် ဖုန်းကြိုးတက်ထားခြင်းပင်အလျင်းမရှိ။


••••8:00pm

တိမကပ်သလိုဖြစ်နေတဲ့သူ

အခုမှသတိဝင်လာကာ  အိပ်ခန်းထဲပြေးဝင်မိ
ပြိး ဗီတိုထဲကအိတ်တလုံးကိုဆွဲယူရင်း
ငွေစက္ကူတချို့နဲ့ အကျီအများအပြားကို ထည့်ကာ
မနိုင်မနင်း မ ရင်း အခန်းအပြင်ထွက်သည်။

"ကင်မ်ဆော့ဂျင် ရူးသွားပြီပဲ !!!"

အကျီတွေကို မနိုင်မနင်းထည့်ခဲ့သည့်
သူကိုယ်သူ အပြစ်တင်ကာ ရှိုက်ကြီးတငင်ငိုမိတော့
အိမ်ခန်းထဲက တန်ပြန်ထွက်လာခဲ့တဲ့
ပဲ့တင်သံတွေက စိတ်ခြောက်ခြားဖွယ်ရာအတိ။

ပြိုလဲချင်နေသောစိတ်ကိုတင်းခံပြီး
အကျီတွေကိုပြန်ထုတ်ကာ  ID card , passportနဲ့ ငွေသားတချို့ကိုသာယူရင်း
အံဆွဲထဲမှာ ရှိနေတဲ့ ရတနာပစ္စည်းတွေကို
လစ်လျူရူကာ
အိတ်ကိုအလျင်အမြန်ပိတ်သည်။

အနွေးထည်တထည်ကိုကောက်ဝတ်ရင်း
တံခါးပေါက်ရှိရာသို့ ထွက်ကာ
တံခါးတွေဖွင့်ဖို့လုပ်တော့

N o E x i t☑️CompletedDonde viven las historias. Descúbrelo ahora