ရက် ၂၀
ဒီနေ့နဲ့ဆို
သူလက်ထက်တာ၂၀ရက်ပြည့်ခဲ့ပြိ။အခုတလောလူကြီးက အလုပ်ကိစ္စတွေ
ပေါ်လာတက်တာမို့ အိမ်မှာမရှိဖြစ်တာများသည်။
သူတို့ရဲ့အိမ်သည် မြို့စွန်ရောက်ခါနီးမှာရှိတာမို့ မြို့ထဲသွားလျှင် ၅နာရီ ၆နာရီလောက်ကြာအောင် ကားမောင်းရသည်ဟု လူကြီးပြောဖူးသည်။ဒါပေမယ့် သူကတော့လက်ထက်ပြီးထဲက
အပြင်တခါမှမထွက်ဖူးသေးပါ။
ဒါကြောင့်ဘယ်လောက်ကြာမည်ဆိုတာမသိပေမယ့် လူကြီး company
သွားရတဲ့နေ့ဆို လူကြီးက တစ်ည
နေပြိးမှပြန်လာတက်သည်။ဒီတခါသွားရတာက အလုပ်ပိုများလို
ကြာမည်ဟုပြောသွားေပမယ့် ဘယ်နရက်လဲလို့မမေးမိလိုက်ပါ။ ဒါဟာလည်း
ပြန်လာမယ့်အချိန်ကိုမေးတာကို သဘောကျတဲ့ လူကြီးကြောင့်ပင်။••
••
••
•••
Shirtအဖြူရောင် over sizeတထည်ကိုသာဝတ်ဆင်ထားတဲ့ ဆော့ဂျင် ..
သွယ်လျလျခြေတံလေးနဲ့
ဖြူအုနေတဲ့ပေါင်တံတွေလစ်ပေါ်နေသည့်ကိုအာရုံမရှိဘဲ
ဧည့်ခန်းမထက်မှာခင်းထားတဲ့ သိုးမွေးအခင်းလေးထက်မှာ မှောက်ခုံလေး
လဲလျောင်းနေရင်း လူကြီးဖတ်နေကြစာအုပ်တအုပ်ကိုယူကာ
စိတ်ဝင်တစားဖတ်နေခဲ့သည်။"ဟီး ပြီးသွားပြိပဲ ဘာမှလဲနားမလည်လိုက်ဘူး"
သူ ခပ်ပျင်းပျင်းရှိနေတာမို့
စာအုပ်တွေလျှောက်ဖတ်သည်။
လူကြီးတီးသလို hall ထဲရှိpianoကို တီးကြည့်သည်။လူကြီးလိုနားဝင်ချိုသောတေးသံသာများ
မထွက်လာတာကြောင့်လက်လျော့ကာ
ရေကူးကန်ထက်က ပုခတ်လေးပေါ် လွဲစီးသည်။ပြီးနောက်
နည်းပေါင်းစုံနှင့်ရေးကူးပြစ်သညါ။
YOU ARE READING
N o E x i t☑️Completed
Mystery / Thrillerထွက်ပြေးကြည့်စမ်းပါ.... ကိုယ့်အချစ်လှောင်ချိုင့်ထဲကလွှတ်မြောက်နိုင်မယ်ထင်ရင်။