He

3.4K 348 28
                                    

" ချန်း!! ငါ ငါ လူသတ်မိပြီ!!"

အရုပ်ကြိုးပြတ်ထိုင်ချမိရင်း ချန်းကိုဝန်ခံမိတော့ မယုံကြည်နိုင်စွာဖြစ်နေပုံရသော ချန်းဟာ သူနဲ့ လဲကျနေသော ဂျောင်ကုကို တလှည့်ဆီကြည့်လာရင်း။

"ပထမဆုံးမဟုတ်ဘူး!!"

"ဘာ!!"

"ဒီအဖြစ်အပျက်မျိုးက ပထမဆုံးမဟုတ်ဘူးလို!!"

"ချန်း !!

"နေရာခြင်းလွဲနေရုံပဲရှိတာ
ဒီလိုအဖြစ်အပျက်မျိုး ဒီနေရာမှာပဲဖြစ်ခဲ့ဖူးတယ် ဂျင်!!
သူဠေးက အကိုလေးကို ဒီနေရာမှာပဲ
သတ်ခဲ့တာ ~~ဒီအဖြစ်အပျက်ကိုမြင်ခဲ့တဲ့
ငါကို~ငါကိုလည်း
ဆေးတမျိုးထိုးခဲ့တယ်~~ အာ့ဆေးကြောင့်
ငါအမြင်တွေပျောက်ဆုံးမတက်ဖြစ်ခဲ့ရတယါ "

ချန်းဆီမှကြားလိုက်ရတဲ့ အကြောင်းအရာတွေကို ဒူးတွေမခိုင်သည်ကြားမှ မတ်တပ်ထရပ်လိုက်ကာ။

"အကိုလေးဆိုတာ ဘယ်သူလဲ?'

"သူဠေးဂျွန်ရဲ့ ခင်ပွန်းဟောင်း!!
နောက်တမျိုးပြောရရင်
မင်းနဲ့ရုပ်ချင်းဆင်တဲ့သူ

"ဒါဆို အနီရောင်အခန်းထဲက!!!'

ထိုအခန်းထဲမှ
မြင်တွေ့ခဲ့ရသည့် မြင်ကွင်းတွေနဲ့ သူကြုံတွေခဲ့ရတဲ့အဖြစ်အပျက်တွေ ကြောင့် ယိုင်နဲ့သွားကာ ကြမ်းပြင်ပေါ်ခွေကျသည်။

"သူဠေးက
အကိုလေးကို သည်းသည်းလှုပ်ချစ်ခဲ့တယ်
ဒါပေမယ့်
ထိန်းချုပ်တယ်၊ ကျဉ်းကျုတ်တယ်ဆိုတဲ့ အကြောင်းပြချကါတွေပြလာခဲ့တဲ့အကိုလေးကြောင့်
ဖောက်ပြန်တယ်ဆိုတဲ့
စွတ်စွဲချက်တွေနဲ့ သူဠေးက ပြန်သမုတ်ခဲ့တယ်
ဒီလိုကနေ ပြသာနာတွေကြီးခဲ့တယ် "

"ဒါဆို အခန်းအနီထဲမှာ ရှိနေတဲ့~
လူ‌သေ‌လောငျး‌တှေက~~"

"သူဠေးက အကိုလေးကြောင့် လူတွေအများကြီးရဲ့ အသက်ကိုနုတ်ယူခဲ့ဖူးတယ်
အကိုလေး သူအနားမှာဆက်ရှိနေဖို့အတွက်
~~ ဂျင် အခုတော့ မင်းက သူဠေးရဲ့ အပူတွေကို ချုပ်ငြိမ်းစေခဲ့လိုက်ပြိမို့ ဒီနေရာကနေထွက်သွားရအောင် !!"

သူကို ထူ မ လာပေးတဲ့ချန်းကြောင့် ခေါင်းကိုအဆက်မပြတ်ခါမိသလို သူကြောင့်မို့ ကြမ်းပြင်ထက်လဲလျောင်းလျက်ရှိနေသော
ခင်ပွန်းဖြစ်ခဲ့သူကိုကြည့်မိသည်။

သူကိုဘယ်သူနဲ့မှားပြီး ချစ်ခဲ့ပါစေ
အတူနေခဲ့တဲ့ကာလာပတ်လုံး လိုအင်မှန်သမျှ
ဖြည့်စည်းပေးပြီး ကြင်နာယုယခဲ့သူမဟုတ်လား~~

တခါတလေ သူစိတ်အခြေအနေပြောင်းလဲသွားတက်ပေမယ်ပေါ့။

"ငါ မသွားဘူး ချန်း
ငါ အဖမ်းခံမယ် ~~ "

"ဂျင်!! မင်းရူးသွားပြိလား
မင်းအသက်အခုမှ!!'

"လုပ်ရဲရင်ဝန်ခံရတယ် ချန်း
ငါ ငါ အဖမ်းခံမယ်~~အ့"

သူကိုယ်ကိုဆွဲယမ်းလာခဲ့တဲ့ချန်းကြောင့်
အားနည်းနေတဲ့သူ ဟန်ချက်မထိန်းနိုင်ဘဲ
ယိမ်းယိုင်သွားရသည်။

"အသိကပ်စမ်းပါ ကင်မ်ဆော့ဂျင်
အကြောက်လွန်မနေစမ်းနဲ့
ဒီနေရာမှာ ဒီအိမ်တော်ရှိနေတယ်ဆိုတာ
ဒီမြို့ကလူတွေတောင်မသိကြဘူး
ဒါကြောင့် ငါတို့ ဒီက ထွက်ပြေးသွားမယ်ဆိုလည်း ဘယ်သူမှသိမှာမဟုတ်ဘူးဂျင်

မင်းအသက်ငယ်ငယ်လေး
မင်းအိမ်မက်တွေ ၊ မျှော်လင့်ချက်တွေကို
ဒီ‌ေနရာမှာတင် ရိုက်ချိုးမပြစ်လိုက်နဲ့

သူဠေးကို မင်းချစ်ခဲ့တယ်လိုပြောနိုင်ပေမယ့်
မင်းဘဝထဲ သူထက်မကကောင်းတဲ့သူ
ပေါ်လာနိုင်သလို မင်းအသက်ထက်မက ချစ်ရမယ့်လူလဲပေါ်လာနိုင်တယ် ဂျင်!!

ကျေးဇူပြုပြီး စိတ်ငြိမ်ငြိမ်ထားပြီး
တွေးကြည့် !!
ရဲတွေခေါ် အဖမ်းခံပြီး
ဘဝတက်လမ်းတွေပိတ်အောင်လုပ်မလား?

မင်းရပိုင်ခွင်တွေယူပြီး ဒီနေရာကနေ
လွှတ်မြှောက်မူကိုရှာမလား?"

ချန်းရဲ့စကားတွေအဆုံး မျက်ရည်တွေကိုသုတ်ချကာ တံခါးဝရှိရာသို မျက်နှာလွဲမိသည်။ ကြမ်းပြင်ထက်က အနှီးအသက်မဲ့နေသောလူသားကို ဉပါ္ခပြုလျက်။

"သွားရအောင်!!!".

___________________________ he
Save me

Note : *ကမ္ဘာပေါ်မှာ
ကိုယ်နဲ့ရုပ်ခြင်းဆင်တဲ့သူ
၆ယောက်ရှိနိုင်ပြီး ကိုယ်နဲ့(၃)ယောက်လောက်က
တွေဆုံဖို့ ၇၀%လောက်ဖြစ်နိုင်ပါတယ်*
ဆိုတဲ့ အကြောင်းအရာလေးတခုကြောင့်
Plotလေးဖြစ်လာတယ်ရယ် 😉

See you next episode ❤️

N o E x i t☑️CompletedWhere stories live. Discover now